• Follow Us on

Home အျမန္လမ္း၌ Ipsum ယာဥ္ တိမ္းေမွာက္ရာ ယာဥ္ေပၚလုိက္ပါလာသူ ထုိင္ဝမ္ႏုိင္ငံသား ေသဆုံးၿပီး (၄) ဦး ဒဏ္ရာရ

အျမန္လမ္း၌ Ipsum ယာဥ္ တိမ္းေမွာက္ရာ ယာဥ္ေပၚလုိက္ပါလာသူ ထုိင္ဝမ္ႏုိင္ငံသား ေသဆုံးၿပီး (၄) ဦး ဒဏ္ရာရ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၂၅

ရန္ကုန္ – မႏၱေလး အျမန္လမ္း၌ ေအာက္တုိဘာ (၂၅) နံနက္ (၉း၃၀) အခ်ိန္၌ အျမန္လမ္း၌ Ipsum အျဖဴေရာင္ယာဥ္သည္ တမ္းေမွာက္ရာ ယာဥ္ေပၚလုိက္ပါလာသူ ထုိင္ဝမ္ႏုိင္ငံသား ေသဆုံးၿပီး (၄) ဦးဒဏ္ရာရေၾကာင္း အျမန္းလမ္းမႀကီးရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ (၂၅) ရက္ေန႔ နံနက္ (၀၉၃၀) နာရီခ်ိန္ ေနျပည္ေတာ္ – ရန္ကုန္လမ္းမိုင္တိုင္ ၁၄၉/၆-၁၄၉/၇ အၾကားတြင္ ယာဥ္ေမာင္းကိုေအာင္သန္းေထြး(၃၂)ႏွစ္ ၾကည္ျမင္တိုင္ၿမိဳ႕နယ္ေနသူ ေမာင္း ႏွင္လာသည့္ ယာဥ္အမွတ္ 2G /—- Ipsum အျဖဴေရာင္ယာဥ္သည္ ေမာင္းႏွင္လာစဥ္ ယာေနာက္ဘီးေပါက္ ၿပီးအရွိန္မထိန္းႏုိင္ျဖစ္ကာ သုံးပတ္ခန႔္လည္၍ ရန္ကုန္ – ေနျပည္ေတာ္ လမ္းဘက္ေရာက္သုိ႔ ေရာက္ရွိရပ္တန္႔ ခဲ့ရသည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါယာဥ္ေမာင္းပါက်ား (၄) ဦးမ (၁) ဦး ေပါင္း (၅) ဦးတြင္ က်ား(၁) ဦး ေသဆုံး က်ား (၃)ဦး မ(၁) ဦး မစိုးရိမ္ရ ဒဏ္ရာရရွိသျဖင့္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ ဇီးပင္သာစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္အေထာက္အကူျပဳအဖြဲ႕မ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

အလားတူ ေသဆုံးသူမွာ ထိုင္ဝမ္နိုင္ငံသားျဖစ္ေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထား သည္။

(unicode)
အမြန်လမ်း၌ Ipsum ယာဉ် တမ်းမှောက်ရာ ယာဉ်ပေါ်လိုက်ပါလာသူ ထိုင်ဝမ်နိုင်ငံသား သေဆုံးပြီး (၄) ဦး ဒဏ်ရာရ
………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၂၅

ရန်ကုန် – မန္တလေး အမြန်လမ်း၌ အောက်တိုဘာ (၂၅) နံနက် (၉း၃၀) အချိန်၌ အမြန်လမ်း၌ Ipsum အဖြူရောင်ယာဉ်သည် တမ်းမှောက်ရာ ယာဉ်ပေါ်လိုက်ပါလာသူ ထိုင်ဝမ်နိုင်ငံသား သေဆုံးပြီး (၄) ဦးဒဏ်ရာရကြောင်း အမြန်းလမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၀၉၃၀) နာရီချိန် နေပြည်တော် – ရန်ကုန်လမ်းမိုင်တိုင် ၁၄၉/၆-၁၄၉/၇ အကြားတွင် ယာဉ်မောင်းကိုအောင်သန်းထွေး(၃၂)နှစ် ကြည်မြင်တိုင်မြို့နယ်နေသူ မောင်း နှင်လာသည့် ယာဉ်အမှတ် 2G /—- Ipsum အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် ယာနောက်ဘီးပေါက် ပြီးအရှိန်မထိန်းနိုင်ဖြစ်ကာ သုံးပတ်ခန့်လည်၍ ရန်ကုန် – နေပြည်တော် လမ်းဘက်ရောက်သို့ ရောက်ရှိရပ်တန့် ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါယာဉ်မောင်းပါကျား (၄) ဦးမ (၁) ဦး ပေါင်း (၅) ဦးတွင် ကျား(၁) ဦး သေဆုံး ကျား (၃)ဦး မ(၁) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အလားတူ သေဆုံးသူမှာ ထိုင်ဝမ်နိုင်ငံသားဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။


Share this post