• Follow Us on

Home အျမန္လမ္း၌ Light truck ယာဥ္ တိမ္းေမွာက္ရာ ယာဥ္ေမာင္းေသဆုံးၿပီး (၁၂)ဦး ထိခိုက္ဒဏ္ရာရ

အျမန္လမ္း၌ Light truck ယာဥ္ တိမ္းေမွာက္ရာ ယာဥ္ေမာင္းေသဆုံးၿပီး (၁၂)ဦး ထိခိုက္ဒဏ္ရာရ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၄

ရန္ကုန္ – မႏၲေလးအျမန္လမ္းမႀကီး၌ Light truck ယာဥ္တိမ္းေမွာက္ရာ ယာဥ္ေမာင္း ေသဆုံးၿပီး (၁၂) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ ေအာက္တိုဘာ (၂၄) ရက္ေန႔၌ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ (၂၄)ရက္ နံနက္ (၈) နာရီအခ်ိန္၌ ေနျပည္ေတာ္ – ရန္ကုန္လမ္း မိုင္တိုင္ ၇၁/၇-၇၁/၀ ၾကား၌ Light truck ယာဥ္ေပၚ၌ ယာဥ္ေမာင္းျဖစ္သူ အိပ္ငိုက္ၿပီး လမ္း လယ္ကြၽန္းကာထားသည့္ ဘာရီယာတုံးမ်ားကို ဝင္တိုက္ခဲ့သည္။

ယာဥ္သည္ ထက္ပိုင္းက်ိဳးတိမ္းေမွာက္ခဲ့ၿပီး ယာဥ္ေပၚ၌ လိုက္ပါလာသူ က်ား/မ(၁၄)ဦး အနက္ ယာဥ္ေမာင္းျဖစ္သူေသဆုံးၿပီး က်ား/မ(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အုတ္ရွစ္ကုန္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အေထာက္အကူျပဳ႕အဖြဲ႕မ်ားမွ ကူညီကယ္ဆယ္ေရး ေဆာင္႐ြက္ေပးလွ်က္ရွိသည္။

#PeopleMedia #Accident

[Unicode]
အမြန်လမ်း၌ Light truck ယာဉ် တိမ်းမှောက်ရာ ယာဉ်မောင်းသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ
…………………………………………………………………………………………

ရန်ကုန်၊အောက်တိုဘာ-၂၄

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ Light truck ယာဉ် တိမ်းမှောက်ရာ ယာဉ်မောင်းသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အောက်တိုဘာ (၂၄) ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၄)ရက် နံနက် (၈)နာရီအချိန်၌ နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၁/၇-၇၁/၀ ကြား၌ Light truck ယာဉ်ပေါ်၌ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကာထားသည့် ဘာရီယာတုံးများကို ဝင်တိုက်ခဲ့သည်။

ယာဉ်သည် ထက်ပိုင်းကျိုးတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်၌ လိုက်ပါလာသူ ကျား/မ(၁၄)ဦး အနက် ယာဉ်မောင်းဖြစ်သူသေဆုံးပြီး ကျား/မ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အုတ်ရှစ်ကုန်း စခန်းမှ တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြု့အဖွဲ့များမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျှက်ရှိသည်။

#PeopleMedia #Accident


Share this post