• Follow Us on

Home အမြန်လမ်း 0 မိုင်တွင် ကိုဗစ်ပိုးရှိ/မရှိ ဆေးစစ်ပြီးသူတိုင်း Quarantine ဝင်စရာမလိုကြောင်း လှည်းကူးမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးပြော

အမြန်လမ်း 0 မိုင်တွင် ကိုဗစ်ပိုးရှိ/မရှိ ဆေးစစ်ပြီးသူတိုင်း Quarantine ဝင်စရာမလိုကြောင်း လှည်းကူးမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (People Media)

အမြန်လမ်း 0 မိုင်တွင် ကိုဗစ် ပိုးရှိ/မရှိ ဆေးစစ်ပြီးသူတိုင်း Quarantine ဝင်စရာမလိုကြောင်း လှည်းကူးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကပြောသည်။

အဆိုပါ အမြန်လမ်း 0 မိုင်၌ အိမ်စီးကားများကို ဇန်နဝါရီလ ၈ ရက်မှ စတင်၍ COVID -19 ပိုး ရှိ/မရှိ စစ်ဆေး ပေးနေတာဖြစ်ပြီး ပထမဆုံးရက်တွင် လူ ၅၀၀ ကျော်စစ်ဆေးမူပြုလုပ်ထားသည်။

“မနေ့ကမှ စစစ်တာပေါ့နော်။ လူ ၅၃၃ ယောက်ပါ အဲ့ထဲကမှ ၃ ယောက်ပဲပိုးတွေ့တယ်ပေါ့နော်။ အရမ်းကို လျော့လာပါတယ်။ အခုစစ်ဆေးထားတဲ့သူတွေက Quarantine ဝင်စရာမလိုပါဘူးဟုတ်ပါတယ်” ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကပြောသည်။

အဆိုပါ 0 မိုင်၌ ယခင်က ကုန်တင်ယာဉ်များကို စစ်ဆေးမှုပြုလုပ်ပေးခဲ့ပြီး ယခုအခါ အိမ်စီးကားများကို COVID-19 စစ်ဆေးမူပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ခရီးသွားများအနေဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ၌ စစ်ဆေးခကို ကျခံရမည်ဖြစ်သည်။

Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

#PeopleMedia #အမြန်လမ်း

(unicode)
…………………………………………










Share this post