• Follow Us on

Home အျမန္ေခ်ာပို႔ဆိုင္ကယ္အား တိုက္ေျပးခဲ့သည့္ ျခဴး၀င္းထိန္မွာ လူႀကီးသားသမီး မဟုတ္သလို ဦးဝင္းထိန္၏သား လည္းမဟုတ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနရွင္းလင္း

အျမန္ေခ်ာပို႔ဆိုင္ကယ္အား တိုက္ေျပးခဲ့သည့္ ျခဴး၀င္းထိန္မွာ လူႀကီးသားသမီး မဟုတ္သလို ဦးဝင္းထိန္၏သား လည္းမဟုတ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနရွင္းလင္း

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရွင္ေစာပုလမ္း၊ ယုဇနတာဝါေရွ႕ ႏို၀င္ဘာ ၂၉ ရက္ေန႔ ည ၁၂ နာရီေက်ာ္ခန္႔တြင္ အျမန္ ေခ်ာပို႔ဆိုင္ကယ္အားတိုက္ေျပးခဲ့သည့္ ျခဴး၀င္းထိန္မွာ လူႀကီးသားသမီးမဟုတ္သလို ဦး၀င္းထိန္၏သားလည္း မဟုတ္ေၾကာင္း၊ တရားခံ၏ ဖခင္အမည္ဆင္တူသာျဖစ္ၿပီး မိဘမ်ားမွလည္း ၎တို႔၏သားသမီးလြတ္ေျမာက္ ေရးအတြက္ ေငြေပးမကာကြယ္ထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန သတင္းမွန္ျပန္ၾကားေရးမွ ထုတ္ျပန္ထား သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ ဖို႔ဒ္အမ်ဳိးအစား COLOUR BK(2G****) ယာဥ္ေမာင္းႏွင္သူ ျခဴး၀င္းထိန္အား စစ္ေဆးရာ ယုဇနတာဝါေရွ႕၌ ဆိုင္ကယ္တစ္စီးအား ဝင္ေရာက္တိုက္မိခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သျဖင့္ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားမွ ခ်က္ခ်င္းပင္ ဖမ္းဆီးထိန္းသိမ္း၍ စခန္းသို႔ ေခၚေဆာင္ၿပီး သက္ဆိုင္ရာ နယ္ေျမယာဥ္ထိန္းရဲတပ္ဖြဲ႕သို႔ သတင္းေပးပို႔ခဲ့သည္။

ထို႔ေနာက္ ဆိုင္ကယ္စီးနင္းသူ စိုင္းေအာင္မိုးအား ခဲရာခဲဆစ္ျဖင့္ အျပင္သို႔အခ်ိန္မီ သယ္ယူထုတ္ႏိုင္ခဲ့ၿပီး ေဆး႐ုံ သို႔ပို႔ ေဆာင္ႏိုင္ခဲ့ၾကသည္။

အခင္းျဖစ္ပြားသည့္ေနရာတြင္ ဒဏ္ရာမ်ားျဖင့္ က်န္ခဲ့သည္ မဇင္သြယ္မိုးအား ေဆး႐ုံပို႔၍ကယ္တင္ကူညီခဲ့ၾက ေသာ္လည္း မဇင္သြယ္မိုးမွာ လမ္း၌ပင္ရရွိဒဏ္ရာမ်ားႏွင့္ကြယ္လြန္ခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။

ဆက္လက္ၿပီး တရားခံသည္ ညတြင္းခ်င္း မိမိအျပစ္မိမိဝန္ခံသျဖင့္ စမ္းေခ်ာင္းရဲတပ္ဖြဲ႕မွျဖစ္စဥ္သိသိခ်င္း ကားအတြင္းညပ္ပါေနသူအား ကယ္ထုတ္၍မရေသခင္း စခန္းသို႔ေခၚေဆာင္ထိန္းသိမ္းထားၿပီးျဖစ္သလို တရားခံကိုလည္း အစားမထိုးထားပါေၾကာင္းႏွင့္ တရားခံမွာ ယာဥ္တိုက္မႈျဖစ္လွ်င္ျဖစ္ခ်င္း စိုးရိမ္စိတ္မ်ားျဖင့္ ထြက္ေျပးလြတ္ေျမာက္မည္အထင္ႏွင့္ ေသြးေၾကာင္ေဘးေရွာင္ၿပီး ေနအိမ္သို႔ ျပန္ေမာင္းႏွင္ေျပးလာစဥ္ စမ္း ေခ်ာင္းရဲတပ္ဖြဲ႕၏နယ္ေျမလွည့္ကင္း မီးတန္းကားအဖြဲ႕ႏွင့္ေတြ႕ဆုံၿပီး ယခုကဲ့သို႔အဖမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန သတင္းမွန္ျပန္ၾကားေရးမွ ဒီဇင္ဘာ ၈ ရက္ မြန္းလြဲပိုင္းအခ်ိန္တြင္ ထုတ္ျပန္ေၾကညာ ထားသည္။

အလားတူ စမ္းေခ်ာင္းၿမိဳ႕ မရဲစခန္းမွ တရားခံအား ယာဥ္(ပ)၂၅/၂၀၂၀ ပုဒ္မ ၃၀၄-က ၃၃၈ ၂၇၉ အရ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္ထားရွိၿပီး တရားလိုအျဖစ္ ယာဥ္မႈစစ္ ရဲအုပ္ေဇာ္လင္းဦးမွ လိုအပ္သည့္စစ္ေဆးမႈမ်ားအား ရဲလုပ္ငန္းမ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

Photo – ျပည္ထဲေရး

#PeopleMedia #ျပည္ထဲေရး၀န္ႀကီးဌာနသတင္းမွန္ျပန္ၾကားေရး

(unicode)
အမြန်ချောပို့ဆိုင်ကယ်အား တိုက်ပြေးခဲ့သည့် ခြူးဝင်းထိန်မှာ လူကြီးသားသမီး မဟုတ်သလို ဦးဝင်းထိန်၏သား လည်းမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရှင်းလင်း
………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ ယုဇနတာဝါရှေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင် အမြန် ချောပို့ဆိုင်ကယ်အားတိုက်ပြေးခဲ့သည့် ခြူးဝင်းထိန်မှာ လူကြီးသားသမီးမဟုတ်သလို ဦးဝင်းထိန်၏သားလည်း မဟုတ်ကြောင်း၊ တရားခံ၏ ဖခင်အမည်ဆင်တူသာဖြစ်ပြီး မိဘများမှလည်း ၎င်းတို့၏သားသမီးလွတ်မြောက် ရေးအတွက် ငွေပေးမကာကွယ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထား သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဖို့ဒ်အမျိုးအစား COLOUR BK(2G****) ယာဉ်မောင်းနှင်သူ ခြူးဝင်းထိန်အား စစ်ဆေးရာ ယုဇနတာဝါရှေ့၌ ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ ချက်ချင်းပင် ဖမ်းဆီးထိန်းသိမ်း၍ စခန်းသို့ ခေါ်ဆောင်ပြီး သက်ဆိုင်ရာ နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့သည်။

ထို့နောက် ဆိုင်ကယ်စီးနင်းသူ စိုင်းအောင်မိုးအား ခဲရာခဲဆစ်ဖြင့် အပြင်သို့အချိန်မီ သယ်ယူထုတ်နိုင်ခဲ့ပြီး ဆေးရုံ သို့ပို့ ဆောင်နိုင်ခဲ့ကြသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ဒဏ်ရာများဖြင့် ကျန်ခဲ့သည် မဇင်သွယ်မိုးအား ဆေးရုံပို့၍ကယ်တင်ကူညီခဲ့ကြ သော်လည်း မဇင်သွယ်မိုးမှာ လမ်း၌ပင်ရရှိဒဏ်ရာများနှင့်ကွယ်လွန်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး တရားခံသည် ညတွင်းချင်း မိမိအပြစ်မိမိဝန်ခံသဖြင့် စမ်းချောင်းရဲတပ်ဖွဲ့မှဖြစ်စဉ်သိသိချင်း ကားအတွင်းညပ်ပါနေသူအား ကယ်ထုတ်၍မရသေခင်း စခန်းသို့ခေါ်ဆောင်ထိန်းသိမ်းထားပြီးဖြစ်သလို တရားခံကိုလည်း အစားမထိုးထားပါကြောင်းနှင့် တရားခံမှာ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း စိုးရိမ်စိတ်များဖြင့် ထွက်ပြေးလွတ်မြောက်မည်အထင်နှင့် သွေးကြောင်ဘေးရှောင်ပြီး နေအိမ်သို့ ပြန်မောင်းနှင်ပြေးလာစဉ် စမ်း ချောင်းရဲတပ်ဖွဲ့၏နယ်မြေလှည့်ကင်း မီးတန်းကားအဖွဲ့နှင့်တွေ့ဆုံပြီး ယခုကဲ့သို့အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းမှန်ပြန်ကြားရေးမှ ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာ ထားသည်။

အလားတူ စမ်းချောင်းမြို့ မရဲစခန်းမှ တရားခံအား ယာဉ်(ပ)၂၅/၂၀၂၀ ပုဒ်မ ၃၀၄-က ၃၃၈ ၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး တရားလိုအဖြစ် ယာဉ်မှုစစ် ရဲအုပ်ဇော်လင်းဦးမှ လိုအပ်သည့်စစ်ဆေးမှုများအား ရဲလုပ်ငန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo – ပြည်ထဲရေး

#PeopleMedia #ပြည်ထဲရေးဝန်ကြီးဌာနသတင်းမှန်ပြန်ကြားရေး


Share this post