• Follow Us on

Home အွန်လိုင်းထီစနစ်အကောင်အထည်ဖော်ရန် လက်ရှိတွင် ကုမ္ပဏီ(၉)ခုကို ရွေးချယ်ထားပြီး၊ အဆိုပါကုမ္ပဏီများ ထဲ ကုမ္ပဏီတစ်ချို့ကို မတ်လဒုတိယအပတ်တွင် ဆန်ကာတင်ထပ်မံရွေးချယ်မည်

အွန်လိုင်းထီစနစ်အကောင်အထည်ဖော်ရန် လက်ရှိတွင် ကုမ္ပဏီ(၉)ခုကို ရွေးချယ်ထားပြီး၊ အဆိုပါကုမ္ပဏီများ ထဲ ကုမ္ပဏီတစ်ချို့ကို မတ်လဒုတိယအပတ်တွင် ဆန်ကာတင်ထပ်မံရွေးချယ်မည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

အွန်လိုင်းထီစနစ် အကောင်အထည်ဖော်ရန် လက်ရှိတွင် ကုမ္ပဏီ (၉) ခုကိုရွေးချယ်ထားပြီး အဆိုပါ ကုမ္ပဏီများ ထဲ ကုမ္ပဏီတစ်ချို့ကို မတ်လဒုတိယအပတ်တွင် ဆန်ကာတင် ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

 

အွန်လိုင်းထီနှင့်ပတ်သက်ပြီး နည်းပညာပိုင်းပံ့ပိုးမှုပေးနိုင်မည့် ကုမ္ပဏီ၊ အဖွဲ့များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကတည်းကပင် စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်သွင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကြေညာခဲ့သည်။

 

အဆိုပါ EOI တင်သွင်းသည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီ (၉)ခုကို လက်ရှိရွေးထားပြီး၊ အဆိုပါ ကုမ္ပဏီများထဲမှ စကာတင် ကုမ္ပဏီတစ်ချို့ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပြီး၊ ထိုစကားတင် ရွေးချယ်ထားသည့် ကုမ္ပဏီ၏ နည်းပညာပေါ်မူတည်ပြီး နောက်ဆုံးကုမ္ပဏီတစ်ခုကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“အခုပထမဆုံးက EOI ခေါ်တယ်။ ပြီးတဲ့အခါကျတော့ RFP တင်ခိုင်းလိုက်တယ်။ နောက်ဆုံး ကုမ္ပဏီ (၉) ခု တင်တယ်။ အဲ့ကုမ္ပဏီ (၉) ခုကို ကျွန်တော်တို့ ရွေးချယ်နေတယ်။ အဲ့ဒါပြီးရင် မတ်လ ဒုတိယအပတ်လောက်မှာ ရွေးချယ်ထားတဲ့ (၉) ခုထဲကမှ စကာတင် ထပ်ရွေးမယ်။ အဲ့ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေကို သူရဲ့ Software ပိုင်းတွေ Hardware ပိုင်းတွေ လုံခြုံရေးပိုင်းတွင် ဈေးကွက်မဟာဗျူဟာတွေကို ဗီဒီယို ကလစ်နဲ့ ရှင်းပြမယ်။ အက်ပရီကေးရှင်းကို ဘယ်လို ဒေါင်းလော့လုပ်ရမယ်။ ဘယ်လိုရွေးချယ်ရမယ်။ ထီဘယ်လိုထိုးရမလဲ ထီ ပေါက်ရင် ဆုကြေးတွေကို ဘယ်လို ထုတ်ပေးမယ်။ စသဖြင့်ပေါ့။ အဲ့လုပ်ရမယ်။ အဲ့ဒါလုပ်ပြီးရင် အဲ့ထဲကမှ အကောင်းဆုံး ကုမ္ပဏီတစ်ခုကို အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ကုမ္ပဏီတစ်ခုကို ရွေးချယ်လိုက်မယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

 

စကာတင် ရွေးချယ်ခံရသည့်ကုမ္ပဏီများမှ Software ပိုင်းနှင့် Hardware ပိုင်းများကို အကုန်လုံး Develop များ လုပ်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ခါတရံ၌ Software Develop လုပ်သည့်အချိန် တစ်ခုနှင့် တစ်ခု ကွာဟချက်များရှိကြောင်း၊ တစ်ချို့ကုမ္ပဏီများသည် တစ်လခွဲနှင့် လာက်လုပ်နိုင်သလို တစ်ချို့ကုမ္ပဏီများမှာ နှစ်လလောက် အချိန်ပေးရခြင်းများ ရှိကြောင်း၊ သို့ဖြစ်၍  အွန်လိုင်းထီစနစ် ဘယ်ချိန်စ နိုင်မလဲဆိုသည်မှာတော့ အတိအကျ မပြောနိုင်သေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post