• Follow Us on
Latest News

Home အကြမ်းဖက်များအနေဖြင့် မိမိဆန္ဒနှင့် မကိုက်ညီ၍ မကျေနပ်ပါက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ခိုက် အကြမ်းဖက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌပြောကြား

အကြမ်းဖက်များအနေဖြင့် မိမိဆန္ဒနှင့် မကိုက်ညီ၍ မကျေနပ်ပါက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ခိုက် အကြမ်းဖက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၆

 

အကြမ်းဖက်များအနေဖြင့် မိမိဆန္ဒနှင့် မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက် ရည်ရွယ်တိုက်ခိုက်အကြမ်းဖက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ဗထူးတပ်နယ်မှ သင်တန်း နည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင် ဆန်းခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 

“နိုင်ငံတော်၏ အနာဂတ်လူစွမ်းအားအရင်းအမြစ်(HR) ဖြစ်လာမည့်၊ အနာဂတ်၏ ခေါင်းဆောင်များ၊ လူ ငယ်လူရွယ်များ၏ တန်းစဉ်ကူးပြောင်းနိုင်ရေး စာမေးပွဲဖြေဆိုမှုအပေါ် ယုတ်မာသောလုပ်ရပ်အဖြစ် အကြမ်း ဖက်သမားများက ကျောင်းပတ်ဝန်းကျင်အတွင်း/အပြင်တို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်တွင် လက် ပစ်ဗုံးဖြင့် ပစ်ပေါက်ခြင်း၊ ချိန်ကိုက်မိုင်း၊ အဝေးထိန်းကြီးကြပ်မိုင်းများဖြင့် ဖောက်ခွဲ၍ စာမေးပွဲအခန်းသို့ ကြောက်ရွံ့ပြီး မလာရဲအောင် ခြိမ်းခြောက်အကြမ်းဖက်မှုများကိုလည်း တွေ့နေရကြောင်း၊ အလားတူ ဗုဒ္ဓဘာ သာဝင် အများစုနေထိုင်ကြသည့် မိမိတို့နိုင်ငံအတွင်း သာသနာ့တာဝန်ထမ်းဆောင်နေကြသည့် သံဃာတော် များကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများအထိ ဆိုးရွား ရက်စက်ယုတ်မာသည့် အကြမ်း ဖက်လုပ်ရပ်များသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ကို နားလည်၍မရပါကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ်တိုက်ခိုက်အကြမ်းဖက်ခြင်း သည် အဓိပ္ပါယ်ရှိကောင်းရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ပါကြောင်း” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြာသည်။

 

အဆိုပါ တရားမဲ့အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများလိုလားသည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များသည် မည်သည့်အချိန်ကာလတွင်မဆို အရေးကြီးသော နိုင်ငံ တော်၏ လုပ်ငန်းတာဝန်များကို တစ်စိတ်တစ်ပိုင်း ပါဝင်ထမ်းဆောင်နေကြရသူများဖြစ်၍ အဆိုပါ တာဝန်များကို သစ္စာရှိရှိတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ကျန်းမာကြံ့ ခိုင်စေရန် တစ်ဦးချင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ ပေးအပ် သည့်တာဝန်များအပေါ် ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုး၊ တပ်မတော်၏ အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက်အခဲအမျိုးမျိုးတို့အား အောင်မြင်စွာ ရင်ဆိုင်ကျော် လွှားသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

(unicode)


……………………………………….

 


 


 


 


 


 



Share this post