• Follow Us on

Home အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေပေမဲ့လည်း မြန်မာ့တပ်မတော်က လေယာဉ်ဆီတွေ ဆက်လက် ဝယ်ယူရရှိနေဆဲဖြစ်

အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေပေမဲ့လည်း မြန်မာ့တပ်မတော်က လေယာဉ်ဆီတွေ ဆက်လက် ဝယ်ယူရရှိနေဆဲဖြစ်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေကြေပျက်စီးနေသလို လူဦးရေထောင်ပေါင်း များစွာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပေမဲ့လည်း မြန်မာ့တပ်မတော်ကတော့ အာရှနဲ့ ဥရောပတိုက်ရှိ ကုမ္ပဏီတွေ ဆီကတစ်ဆင့် လေယာဉ်ဆီတွေ ဆက်လက်ရရှိနေကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ရေးသားထားပါ တယ်။

 

ခရီးသည်တင်လေယာဉ်တွေအတွက်တင်ပို့ပေးတဲ့ လေယာဉ်ဆီတွေကို မြန်မာစစ်တပ်အတွက် ပြောင်းလဲသုံးစွဲ နေတာကို ပြီးခဲ့တဲ့နှစ်က စုံစမ်းသိရှိခဲ့ရပြီးနောက် မြန်မာနိုင်ငံကိုလေယာဉ်ဆီ ဆက်လက်ထောက်ပံ့နေတဲ့အထဲ မှာ ကုမ္ပဏီတွေအများအပြားပါဝင်နေတာကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း Amnesty International ၊ Global Witness နဲ့ Burma Campaign UK တို့က ပြောပါတယ်။

 

“မြန်မာနိုင်ငံကို လေယာဉ်ဆီတွေဆက်လက်ပေးပို့နေတာကို ကျွန်မတို့ ခြေရာခံမိထားပါတယ်။ အဲဒီလေယာဉ် ဆီတွေက ဥပဒေမဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ မြန်မာစစ်တပ်ထံကို ရောက်ရှိသွားတာဖြစ်ပါတယ်။” လို့ Amnesty International က သုတေသီနဲ့ စီးပွားရေး/ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအရာရှိ မန့်ဆီးဖာရာ က ပြောပါတယ်။

 

“၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာစစ်တပ်ဟာ သဘောထားမတူတဲ့သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သလို အရပ်သားတွေကိုလည်း မြေပြင်ကရော ဝေဟင်ကပါ တိုက်ခိုက်ခဲ့ပါတယ်။ အခု လေယာဉ်ဆီတွေ မြန်မာစစ်တပ်လက်ထဲကိုရောက်ရှိသွားတာဟာ စစ်တပ်က အဲဒီစစ်ရာဇဝတ်မှုတွေကျူးလွန် နိုင်အောင် ဆောင်ရွက်ပေးတာပါပဲ။ အဲဒီလေယာဉ်ဆီတင်ပို့မှုတွေကို ချက်ချင်းရပ်ဆိုင်းပစ်ရပါမယ်။” လို့ ၎င်းက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က ရွေးကောက်ခံအစိုးရထံကနေ အာဏာသိမ်းယူခဲ့တဲ့အတွက် မြန်မာလူထုက ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အပြင် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ ကြားထဲက လက်နက်ကိုင်တော်လှန်တဲ့အထိ ဆန့်ကျင်ခဲ့ကြပါတယ်။

 

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၇၀ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းတိုက်ခိုက်မှုအ ပါအဝင် အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

 

“အကျိုးအမြတ်ထက် လူသားတွေကို ဦးစားပေးတန်ဖိုးထားဖို့နဲ့ ဒီရက်စက်မှုတွေ ဆောင်ရွက်နိုင်အောင်ထောက် ပံ့ပေးနေတဲ့ လေယာဉ်ဆီရောင်းချတဲ့အလုပ်ကို ရပ်တန့်လိုက်ဖို့ လေယာဉ်ဆီ ရောင်းဝယ်မှုမှာပါဝင်ပတ်သက် နေသူတိုင်းကို ကျွန်မတိုက်တွန်းချင်ပါတယ်။ ဒီလေယာဉ်ဆီထောက်ပံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဥပဒေပြဋ္ဌာန်း ပြီးဖြစ်စေ အာဏာသုံးပြီးတော့ဖြစ်စေ ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ကျွန်မတို့တောင်းဆိုပါ တယ်။” လို့ Global Witness က အကြီးတန်းစုံစမ်းစစ်ဆေးရေးမှူး ဟန်နာဟင်းဒ်စထရောင်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအစီရင်ခံစာထွက်ပေါ်လာပြီးနောက် ကုမ္ပဏီတချို့ဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့နေတဲ့လုပ်ငန်းတချို့ကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

Amnesty International နဲ့ Global Witness အဖွဲ့တို့ဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီတွေတင်ပို့နေတာကို ရပ် တန့်ဖို့နဲ့ လေယာဉ်ဆီတင်ပို့မှုနဲ့ဆက်နွယ်နေတဲ့ အာမခံလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေလိုမျိုး တတိယအဖွဲ့အစည်းဝန်ဆောင်မှုလုပ်ငန်းထောက်ပံ့နေတာတွေကို လည်း ရပ်ဆိုင်းပစ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

 

Ref: Myanmar military gets new aviation fuel supplies despite abuses

 

#PeopleMedia

 

(unicode)


………………………………

 


 


 


 


 



 


 


 


 


 


 

Ref: Myanmar military gets new aviation fuel supplies despite abuses

 

#PeopleMedia


Share this post