• Follow Us on
Latest News

Home အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများရှိခဲ့ပြီး ထပ်မံ မဖြစ် ပေါ်စေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ န-စ-ကဥက္ကဋ္ဌ မှာကြား

အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများရှိခဲ့ပြီး ထပ်မံ မဖြစ် ပေါ်စေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ န-စ-ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများရှိခဲ့ပြီး ထပ်မံ မဖြစ်ပေါ်စေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာအောင် ရပ်တည်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြောင့် Free and Fair မဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏အသက်မှာ ရွေးကောက်ပွဲ Free and Fair ဖြစ်ရေးပင်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့သည့်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်သော်လည်း ပါတီ ထောက်ခံသူများအနေဖြင့် အကြမ်းဖက်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့မှုကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးကို ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ပြောသည်။

 

အချို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲမသမာမှုနှင့် ရွေးကောက်ပွဲပြီးရလဒ်နှင့် ဆက်နွယ်ဖြစ်ပေါ်လာ သော လုပ်ရပ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့် အညီ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်းဖက်မှုများမှာ မဖြစ်သင့်ကြောင်း၊ တည်ငြိမ်အေးချမ်း ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကကူညီဆောင်ရွက်၍ ဥပဒေနှင့်အညီ အတတ်နိုင် ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်အချို့သော ဖြစ်စဉ်များတွင် နှစ်ဖက်ပေးဆပ်ရမှုများရှိ ကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 



Share this post