• Follow Us on

Home အကြမ်းဖက်သူများအနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

အကြမ်းဖက်သူများအနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ မတ် ၂၁

 

အကြမ်းဖက်သူများအနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သ ဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

 

“အကြမ်းဖက်သူများအနေနဲ့ ဆူပူဆန္ဒပြတာ CDM ပြုလုပ်သူတို့နဲ့ အောင်မြင်မှုမရတဲ့အတွက် လက်နက်နဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်တာစတဲ့ အကြမ်း ဖက်လုပ်ရပ်တွေကို ပြုလုပ်လာခဲ့တယ်။ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲဖို့ ဦးတည်ကြိုးပမ်းလာခဲ့ တယ်။ ဒီလို ဆောင်ရွက်ရာမှာ တာဝန်ခံမှုမရှိတဲ့ လူမှုကွန်ရက်တွေကို အသုံးချပြီး သတင်းတု၊ သတင်းမှားတွေ ဖန်တီးထုတ်လွှင့်ခြင်းတွေ ပြုလုပ်လာတယ်။ ဒီလိုလုပ်ပေမယ့် တပ်မတော်အနေနဲ့ ရေပက်မဝင်တဲ့ ကျစ်လစ်ခိုင် မာတဲ့ စည်းလုံးမှုနဲ့ ရပ်တည်လျက်ရှိတယ်။ ၎င်းတို့အနေနဲ့ တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နေမှာဖြစ်တဲ့အတွက် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ရှိပြီးတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုနဲ့ ကာကွယ်တားဆီးရမှာဖြစ်တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယက ပြောသည်။

 

စည်းလုံးညီညွတ်ရန် အထက်အောက် အပြန်အလှန်လေးစားမှု၊ အုပ်ချုပ်ရေးညီညွတ်မျှတမှုရှိရန် လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန်လိုကြောင်း၊ အလားတူ အမိန့်နာခံတတ်မှုနှင့် စစ်သည်တော်တိုင်း ကျင့်ကြံ လိုက်နာရမည့် ကျင့်ဝတ်အပါး ၆၀ တို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုကြောင်း၊ တပ်မတော်သားများ နိုင်ငံ့ တာဝန်ကို စိတ်လက်ချမ်းသာစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ပါရမီဖြည့်ဖက်များဖြစ်သည့် ဇနီး၊ ရဲမေ များ၏ အခန်းကဏ္ဍသည် လည်းအရေးကြီးကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဘဝလုံခြုံမှုရှိရေး အတွက် တပ်မှူးများသည် အမြဲတမ်း တွေးခေါ်ကြံဆဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးများကို ပေးအပ်ထား သည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အတွင်းမှ စေတနာတရား ကိုယ်ချင်းစာတရားများဖြင့် အကောင်းဆုံး ဖြည့် ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လစာ၊ ရိက္ခာမှအစ တစ်ဦးချင်း၏ ရပိုင်ခွင့်များကို အချိန်မီနှင့် ပြည့်ဝစွာ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့တာဝန်များကို စိတ်လက်ချမ်းသာစွာဖြင့် နောက်ဆံ မတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ က ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post