• Follow Us on
Latest News

Home အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပ ပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင်ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ မှာကြား

အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပ ပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင်ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ မတ် ၃၀

 

အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပ ပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင်ဆောင်ရွက်သွားရန်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယမန်‌နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နစကဥက္ကဋ္ဌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

“ကျွန်တော်တို့ရဲ့ နိုင်ငံတော်တည်ဆောက်ရေးရည်မှန်းချက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်သွားဖို့ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်း‌တွေကို နှိမ်နင်းနိုင်မှဘဲ လွတ်လပ် တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှုကင်းရှင်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မှာဖြစ်တဲ့အတွက် အကြမ်း ဖက်အဖွဲ့များပပျောက်အောင်ဆောင်ရွက်သွားရမှာဖြစစ်တယ်။ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးတွင် ရွေး ကောက်ပွဲတွေ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက NGO, INGO စသည့် အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ မိမိတို့ အနေဖြင့် စနစ်တကျ သေချာစိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပတ်သက်၍ စနစ် ပြောင်းချိန်တွင် ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်လျှော့ပေါ့ပေး သွားမည်မဟုတ်ကြောင်း လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်း ရေးကို ရှေးရှု၍ ချိန်ဆဆောင်ရွက်လျက်ရှိကြောင်း၊‌‌ပြောသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော် တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(unicode)


…………………………………………………………..

 


 


 

 


 


 


 



Share this post