• Follow Us on

Home အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို တပ္မေတာ္အေနျဖင့္ စစ္ေရး၊ နိုင္ငံေရးအရ ေျဖရွင္းေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာဆို

အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို တပ္မေတာ္အေနျဖင့္ စစ္ေရး၊ နိုင္ငံေရးအရ ေျဖရွင္းေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာဆို

Share this post

ရန္ကုန္၊ ဇူလိုင္-၁

အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို တပ္မေတာ္အေနျဖင့္ စစ္ေရး၊နိုင္ငံေရးအရ ေျဖရွင္းေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာဆိုလိုက္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုရွားနိုင္ငံခရီးစဥ္၌ ႐ုရွားနိုင္ငံအေျခစိုက္ RT မီဒီယာႏွင့္ေတြ႕ဆုံစဥ္ RT မီဒီယာ၏ ေမးျမန္းမႈကို တပ္ခ်ဳပ္က အထက္ပါအတိုင္း ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

“ အၾကမ္းဖက္ ေသာင္းက်န္းသူ ဘာေၾကာင့္ေပၚလာသလဲ။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ေနာက္ခံ ဇာစ္ျမစ္ကို ၾကည့္ဖို႔ လိုပါတယ္။ ဒါေတြကို ေျဖရွင္းနိုင္ဖို႔ဆိုရင္ တစ္အခ်က္ကေတာ့ နိုင္ငံေရးအရ ေျဖရွင္း ရမယ္။ ဒုတိယအခ်က္ကေတာ့ စစ္ေရးအရ ေျဖရွင္းရမယ္။ အၾကမ္းဖက္တယ္ဆိုတာ လက္နက္နဲ႕ သတ္ျဖတ္မႈတြ ေတြလုပ္ တဲ့ ကိစၥျဖစ္ တယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔အေနနဲ႕ စစ္ေရး အရ ျပန္ၿပီးရင္ဆိုင္ေျဖရွင္းမွာေပါ့။ စစ္ေရး အရ ဆိုရင္ေတာ့ တစ္ဖက္လူကို အင္အားခ်ည့္နဲ႕ သြားေအာင္လုပ္ရမွာေပါ့။ ဒါေတြကို ဦးစားေပးလုပ္ရမွာေပါ့။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ေျခေတြ၊ လက္ေတြကိုျဖတ္ ေတာက္နိုင္တယ္။ အျမစ္ေတြ ျဖတ္ေတာက္နိုင္တယ္ဆို ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အေနနဲ႕ ယိမ္းယိုင္ သြားမွာျဖစ္ပါတယ္”လို႔ တပ္ခ်ဳပ္က ေျပာဆိုပါတယ္။

“ အဲ့ဒီအခါက်ရင္ေတာ့ သက္ဆိုင္ရာ ကာယကံရွင္နိုင္ငံ တစ္ခု၊ Respective ျဖစ္တဲ့ နိုင္ငံတစ္ခုနဲ႕ မရဘူး။ က်န္တဲ့ နိုင္ငံမ်ားကလည္း ဝိုင္းဝန္း ကူညီ မွရမယ္။ အၾကမ္းဖက္မႈဆိုတာကလည္း အဖြဲ႕အစည္းတစ္ခုတည္း၊ သူ႕ရဲ႕ Only ရပ္တည္ခ်က္ဆိုတာ ဘယ္အၾကမ္း ဖက္ အဖြဲ႕ အစည္းမွာမွမရွိဘူး။ သူတို႔ရဲ႕ ေနာက္မွာ အားေပးကူညီမႈေတြ၊ ပံ့ပိုးမႈေတြရွိတယ္။ ဘ႑ာေရးအရ၊ ေငြေၾကးအရ အားေပးကူညီမႈေတြရွိတယ္။ လက္နက္၊ ခဲယမ္း အားေပးကူညီမႈေတြ ရွိတယ္။ စားနပ္ရိကၡာ အားေပးကူညီမႈေတြ ရွိတယ္။ ေငြေၾကးအား ေပးကူညီမႈေတြရွိတယ္။ လူအင္အား အားေပး ကူညီမႈ ေတြရွိတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ ဘယ္လိုျဖတ္ေတာက္မလဲ။ အၾကမ္းဖက္ အဖြဲ႕အစည္းကို ရင္ဆိုင္ေနတဲ့ သက္ဆိုင္ရာ နိုင္ငံအဖြဲ႕အစည္းေတြက သူတို႔နဲ႕ပူးတြဲေဆာင္ ႐ြက္ေနတဲ့ နိုင္ငံေတြနဲ႕ ပူးေပါင္းေဆာင္႐ြက္ ဖို႔လိုတယ္။ ဒါေတြမွာ သံတမန္ေရးရာ ကိစၥေတြကလည္း သိပ္စကားေျပာပါတယ္။ ေျပာရရင္ေတာ့ မိတ္ေဆြ ေကာင္းေတြ လိုတာေပါ့။ပူးေပါင္း ေဆာင္႐ြက္မယ့္ မိတ္ေဆြေကာင္းေတြရမယ္ဆိုရင္ ဒီအၾကမ္းဖက္မႈေတြကို ေက်ာ္လႊားနိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ ပါတယ္။ မိတ္ေဆြေကာင္း ပီသမႈနဲ႕ပူးေပါင္း ေဆာင္႐ြက္မယ္ဆိုရင္ ဒီအၾကမ္းဖက္မႈေတြ ကို ေက်ာ္လႊားနိုင္ပါလိမ့္မယ္။ ေခ်မႈန္းနိုင္ ပါလိမ့္မယ္။ ဒီလိုမ်ိဳးမဟုတ္ဘဲ ေနာက္ကေနၿပီးေတာ့ ပူးေပါင္း ေဆာင္႐ြက္မႈေတြကို အျပည့္အဝမလုပ္ဘဲ သူတို႔လည္း လႈပ္သာ လူးသာျဖစ္ေအာင္ ဒီဘက္မွာလည္း အဆင္ ေျပေအာင္ဆိုၿပီး အဲလိုလုပ္ေနမယ္ဆိုရင္ အၾကမ္းဖက္မႈ ႏွိမ္နင္းေရးမွာ အခက္အခဲ ရွိေနလိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္”လို႔ တပ္ခ်ဳပ္က ေျပာပါတယ္။

“ဒါနဲ႕ပတ္သက္ၿပီး ျပန္ၿပီးအႏွစ္ခ်ဳပ္လိုက္ရင္ အခ်က္ ၃ ခ်က္ပဲရွိပါတယ္။ ပထမအခ်က္ကေတာ့ စစ္ေရးနည္း လမ္းအရ အၾကမ္း ဖက္ေသာင္းက်န္းသူအဖြဲ႕ကို ႏွိမ္နင္းတာ ေပါ့။ ဒုတိယအခ်က္ကေတာ့ နိုင္ငံေရးအရ သူတို႔နဲ႕ Negotiate လုပ္ၿပီး ေဆြးေႏြးၿပီးေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ညွိႏွိုင္း ေျဖရွင္းတာေပါ့။ တတိယ အခ်က္ကေတာ့ ခုနကေျပာတဲ့သံတမန္နည္းလမ္းအရ ေျဖရွင္းတာျဖစ္ၿပီး မိတ္ေဆြ နိုင္ငံ ေတြ၊ အိမ္နီး ခ်င္းနိုင္ငံေတြနဲ႕ ပူးေပါင္းေဆာင္႐ြက္ၿပီး ေျဖရွင္းတာေပါ့။ ဒီနည္းလမ္း ၃ ခုနဲ႕ပဲ ေျဖရွင္း လို႔ရပါမယ္”တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာပါတယ္။

#PeopleMedia #RT #တပ္မေတာ္

[Unicode]
အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်အနေဖြင့် စစ်ရေး၊ နိုင်ငံရေးအရ ဖြေရှင်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောဆို
………………………………………………….

ရန်ကုန်၊ ဇူလိုင်-၁

အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်အနေဖြင့် စစ်ရေး၊နိုင်ငံရေးအရ ဖြေရှင်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားနိုင်ငံခရီးစဉ်၌ ရုရှားနိုင်ငံအခြေစိုက် RT မီဒီယာနှင့်တွေ့ဆုံစဉ် RT မီဒီယာ၏ မေးမြန်းမှုကို တပ်ချုပ်က အထက်ပါအတိုင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ အကြမ်းဖက် သောင်းကျန်းသူ ဘာကြောင့်ပေါ်လာသလဲ။ ကျွန်တော်တို့က သူတို့ရဲ့နောက်ခံ ဇာစ်မြစ်ကို ကြည့်ဖို့ လိုပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တစ်အချက်ကတော့ နိုင်ငံရေးအရ ဖြေရှင်း ရမယ်။ ဒုတိယအချက်ကတော့ စစ်ရေးအရ ဖြေရှင်းရမယ်။ အကြမ်းဖက်တယ်ဆိုတာ လက်နက်နဲ့ သတ်ဖြတ်မှုတွ တွေလုပ် တဲ့ ကိစ္စဖြစ် တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေး အရ ပြန်ပြီးရင်ဆိုင်ဖြေရှင်းမှာပေါ့။ စစ်ရေး အရ ဆိုရင်တော့ တစ်ဖက်လူကို အင်အားချည့်နဲ့ သွားအောင်လုပ်ရမှာပေါ့။ ဒါတွေကို ဦးစားပေးလုပ်ရမှာပေါ့။ ကျွန်တော်တို့က သူတို့ရဲ့ခြေတွေ၊ လက်တွေကိုဖြတ် တောက်နိုင်တယ်။ အမြစ်တွေ ဖြတ်တောက်နိုင်တယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ယိမ်းယိုင် သွားမှာဖြစ်ပါတယ်”လို့ တပ်ချုပ်က ပြောဆိုပါတယ်။

“ အဲ့ဒီအခါကျရင်တော့ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံ တစ်ခု၊ Respective ဖြစ်တဲ့ နိုင်ငံတစ်ခုနဲ့ မရဘူး။ ကျန်တဲ့ နိုင်ငံများကလည်း ဝိုင်းဝန်း ကူညီ မှရမယ်။ အကြမ်းဖက်မှုဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်း၊ သူ့ရဲ့ Only ရပ်တည်ချက်ဆိုတာ ဘယ်အကြမ်း ဖက် အဖွဲ့ အစည်းမှာမှမရှိဘူး။ သူတို့ရဲ့ နောက်မှာ အားပေးကူညီမှုတွေ၊ ပံ့ပိုးမှုတွေရှိတယ်။ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ အားပေးကူညီမှုတွေရှိတယ်။ လက်နက်၊ ခဲယမ်း အားပေးကူညီမှုတွေ ရှိတယ်။ စားနပ်ရိက္ခာ အားပေးကူညီမှုတွေ ရှိတယ်။ ငွေကြေးအား ပေးကူညီမှုတွေရှိတယ်။ လူအင်အား အားပေး ကူညီမှု တွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်တောက်မလဲ။ အကြမ်းဖက် အဖွဲ့အစည်းကို ရင်ဆိုင်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေက သူတို့နဲ့ပူးတွဲဆောင် ရွက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုတယ်။ ဒါတွေမှာ သံတမန်ရေးရာ ကိစ္စတွေကလည်း သိပ်စကားပြောပါတယ်။ ပြောရရင်တော့ မိတ်ဆွေ ကောင်းတွေ လိုတာပေါ့။ပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဆွေကောင်းတွေရမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ မိတ်ဆွေကောင်း ပီသမှုနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေ ကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချေမှုန်းနိုင် ပါလိမ့်မယ်။ ဒီလိုမျိုးမဟုတ်ဘဲ နောက်ကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အပြည့်အဝမလုပ်ဘဲ သူတို့လည်း လှုပ်သာ လူးသာဖြစ်အောင် ဒီဘက်မှာလည်း အဆင် ပြေအောင်ဆိုပြီး အဲလိုလုပ်နေမယ်ဆိုရင် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ တပ်ချုပ်က ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ပြန်ပြီးအနှစ်ချုပ်လိုက်ရင် အချက် ၃ ချက်ပဲရှိပါတယ်။ ပထမအချက်ကတော့ စစ်ရေးနည်း လမ်းအရ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ကို နှိမ်နင်းတာ ပေါ့။ ဒုတိယအချက်ကတော့ နိုင်ငံရေးအရ သူတို့နဲ့ Negotiate လုပ်ပြီး ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဖြေရှင်းတာပေါ့။ တတိယ အချက်ကတော့ ခုနကပြောတဲ့သံတမန်နည်းလမ်းအရ ဖြေရှင်းတာဖြစ်ပြီး မိတ်ဆွေ နိုင်ငံ တွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းတာပေါ့။ ဒီနည်းလမ်း ၃ ခုနဲ့ပဲ ဖြေရှင်း လို့ရပါမယ်”တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

#PeopleMedia #RT #တပ်မတော်


Share this post