• Follow Us on

Home အကြမ်းဖက်ပြောစကားများကြောင့် Instagram အသုံးပြုခွင့်ကို ရုရှားကန့်သတ်

အကြမ်းဖက်ပြောစကားများကြောင့် Instagram အသုံးပြုခွင့်ကို ရုရှားကန့်သတ်

Share this post

နိုင်ငံတကာ၊ မတ် ၁၂

 

အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram အသုံး ပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက် တွင် ပြောကြားခဲ့သည်။

 

Instagram က စစ်သားများ အပါအဝင် ရုရှားနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရန် တိုက်တွန်း ထားသော အချက်အလက်များအား ဖြန့်ချိနေကြောင်း Roskomnadzor က အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လူမှုကွန်ရက်များဖြစ်သော Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta Platforms Inc., သည် ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံသားများထံ အကြမ်းဖက်သော ပြောစကားများဖြင့် ရေးသားဖော်ပြချက်များကို တင်ရန်ခွင့်ပြုထားကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………….

 


 


 


 


 

(Xinhua)

 



Share this post