• Follow Us on

Home အကြီးစား rock launcher မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

အကြီးစား rock launcher မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

Share this post

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ စက်တင်ဘာ ၁၀ ရက်နေ့က စမ်းသပ်ပစ်ခတ်ခဲ့တဲ အကြီးစား multiple rocket launcher ဒုံးစမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်စောင့်ကြည့်ခဲ့ပါတယ်။

အမေရိကန်နဲ့ နျူကလီးယားဖျက်သိမ်းရေးစေ့စပ်ညှိနှိုင်းမှုကို စက်တင်ဘာလကုန်ပိုင်းမှာ ပြန်လည်စတယ်မယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အခုလို တာတိုပစ် projectiles အသစ်ကို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရအရာရှိတွေက ပြောပါတယ်။

ကင်ဂျုံအွန်ဟာ အလားတူ multiple rocket launcher ဒုံးပစ်ခတ်စမ်းသပ်မှုကို ယခင်ကလည်း ကိုယ်တိုင်စောင့်ကြည့်ခဲ့ဖူးပါတယ်။ အခု rocket launcher ကို ရွေ့လျားပစ်ခတ်စမ်းသပ်ဖို့ ကျန်ရှိနေ သေးတယ်လို့ မြောက်ကိုရီးယားရုပ်သံလိုင်း KCNA က ကြေညာခဲ့ပါတယ်။

Ref;CNA


Share this post