• Follow Us on
Latest News

Home အကြိမ်(၃၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို ဆုကြေးပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ပြန်လည်ချီးမြှင့်ပေးမည်

အကြိမ်(၃၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို ဆုကြေးပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ပြန်လည်ချီးမြှင့်ပေးမည်

Share this post

ရန်ကုန်၊ သြဂုတ် ၃၁ (People Media)

 

၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ တွင် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို ဆုကြေးမြှင့်မည့်အပြင် ဘဏ္ဍာသိမ်းရငွေကျပ်သန်း (၂၅၀) ကိုလည်း ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အောက်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

 

အကြိမ် (၃၀) မြောက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည”အထိ စုစုပေါင်း အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် (၁၂၄,၀၇၉) ရောင်းချနိုင်ပြီးဖြစ်သည့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုမှာ  ငွေကျပ်သန်း (၈၆၈ဒသမ၅၅၃) ဖြစ်ကြောင်း သိရသည်။

 

(၃၀) ကြိမ် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ အထူးဆုကြီးများအနေဖြင့် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ်သိန်း ငါးရာ (၂) ဆု၊ ကျပ်သိန်း နှစ်ရာ (၂) ဆု၊ ကျပ်သိန်း တစ်ရာ (၄) ဆု၊ ကျပ်သိန်း ငါးဆယ် (၄) ဆု၊ ကျပ်သိန်း နှစ်ဆယ် (၆) ဆုနှင့် ကျပ်တစ်ဆယ်သိန်း (၇) ဆုတို့အပြင် တခြားဆုမဲပေါင်းများစွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် (၂၉) ကြိမ်မြောက် ထီလက်မှတ်ရောင်းချမှုကလည်း ကျပ် (၁ ဒသမ ၄) ဘီလီယံကျော်ရရှိခဲ့ပြီး၊  ရောင်းရငွေ၏ (၆၀) ရာခိုင်နှုန်းကိုသာ ထီဆုငွေအဖြစ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

 

#PeopleMedia #အောင်ဘာလေထီ

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post