• Follow Us on

Home အနုပညာရှင်များ အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အနုပညာရှင်များ အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၃ (People Media)

 

အနုပညာရှင်များအနေဖြင့် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးလှစိုးက ပြောသည်။

 

ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ်၊ အမှတ်(၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များကို ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးက ယခုကဲ့သို့ စာပေ၊ ဂီတ၊ အနုပညာရှင်များအားလုံးနှင့် တစ်စုတစ်စည်းတည်း တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် နယ်မြေအေးချမ်း သာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် စီးပွားရေးရာ တိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ပြောသည်။

 

အနုပညာရှင်များအနေဖြင့်လည်း အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အနု ပညာရှင်များ ပါဝင်ဆောင်ရွက်ကြမည့် ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် ပွဲမိန့်မှစ၍ ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အနုပညာရှင်များ၏ အခက်အခဲများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းအားဖြင့် အနုပညာရှင်များအနေဖြင့် အနုပညာစွမ်းအားကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပြီး အများပြည်သူအတွက် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။

 

သတင်းနှင့် မီဒီယာလုပ်ငန်း(MWD Media Centre) ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များ TV, FM Broadcaster များနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ဦးလှစိုး

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 

Photo – Credit

 



Share this post