• Follow Us on

Home အနုပညာလောကသားများအား အဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့်အတွက် တချို့သော အနု ပညာရှင်များမှာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲများရှိနေဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

အနုပညာလောကသားများအား အဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့်အတွက် တချို့သော အနု ပညာရှင်များမှာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲများရှိနေဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

Share this post

ရန်ကုန်၊ ဇွန် ၂၄

 

အနုပညာလောကသားများအား မသမာသူအဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့်အတွက် တချို့ သော အနုပညာရှင်များမှာ မိမိတို့၏အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲများရှိနေ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

“ယနေ့အချိန်တွင် အနုပညာလောကသားများအား မသမာသူအဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့် အတွက် တချို့သော အနုပညာရှင်များမှာ မိမိတို့၏အနုပညာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အခက် အခဲများရှိနေကြပါကြောင်း၊ အဆိုပါအခက်အခဲများကြားမှ အနုပညာသမားများကိုလုပ်ငန်းများ ပြန်လည်လုပ် ကိုင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများရှာဖွေဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအခါ စားဝတ်နေ ရေးအခက်အခဲရှိသည့် အနုပညာရှင်သမားများရှိနေသည့်အတွက် ၎င်းတို့၏လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း” ဟု ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကြီးကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အနုပညာရှင် များ၏ စားဝတ်နေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ အနုပညာရှင်များအနေဖြင့် မိမိတို့၏ အနု ပညာအလုပ်များကိုလည်း ပြန်လည်စတင် လှုပ်ရှားဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာ တွင် လက်တွေ့ကျပြီး ဖြစ်သင့်ဖြစ်ထိုက်သော နည်းလမ်းများကိုသာ ဆွေးနွေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုကျင်းပမည့် ပဒေသာကပွဲကြီးတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်အသီးသီးမှ အနုပညာရှင်များအားလုံးက မိမိတို့ အနုပညာလောကအကျိုးအတွက် မှန်ကန်သည့်အသိစိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးတို့မှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်၊ အတတ် ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

#PeopleMedia

 

(unicode)


…………………………

 


 


 


 


 


 


 

#PeopleMedia


Share this post