• Follow Us on
Latest News

Home အ႐ိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ we chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္

အ႐ိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ we chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္

Share this post

ေအာင္ေအာင္
 
မႏၲေလး၊ ေအာက္တိုဘာ ၁၇
 
မႏၲေလးၿမိဳ႕ ကြန္ဗင္းရွင္းစင္တာတြင္ က်င္းပမည့္ အ႐ိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲတြင္ တ႐ုတ္ႏိုင္ငံ၏ လူမႈကြန္ယက္ျဖစ္သည့္ we chat ျဖင့္ ေရာင္းဝယ္ျခင္း ခြင့္ျပဳမည္မဟုတ္ေၾကာင္း ယေန႔ မြန္းလြဲ ၁ နာရီက ကြန္ဗင္းရွင္းစတင္တာတြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ျပပြဲက်င္းပေရးေကာ္မတီမွ ဦးေက်ာ္ေဇာေအာင္ကေျပာသည္။
 
အဆိုပါ ျပပြဲတြင္ ေက်ာက္မ်က္ ရတနာေရာင္းအေခ်ာထည္ ဆိုင္ခန္း ၂၀၀ ေက်ာ္ ႏွင့္ အ႐ိုင္းျဖတ္သား ေက်ာက္စိမ္းအတြဲ ေလာ့ ၂၆၈၀ ေက်ာ္ ျပပြဲတင္ရန္ စာရင္းေပးထားၿပီးျဖစ္ကာ စက္တင္ဘာလ ၁၈ ရက္ေန႔အထိ စာရင္းမ်ား လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
 
“ခုလုပ္မယ့္ ျပပြဲမွာ we chat နဲ႔ ေရာင္းဝယ္တာကို ခြင့္ျပဳမထားဘူး။ တားျမစ္သြားမယ္ ။ တကယ္လို႔ ေရာင္းဝယ္လုပ္ေနတာေတြ႕ရင္ သတိေပးၿပီး ထပ္လုပ္ေနရင္ေတာ့ သူ့ကို ေနာက္ေနာင္ျပပြဲေတြမွာ လာလို႔မရေအာင္ အမည္ပ်က္စာရင္း (Blacklist) လုပ္မယ္”ဟု ျပပြဲက်င္းပေရးေကာ္မတီ မွ ဦးေက်ာ္ေဇာေအာင္က ေျပာသည္။
 
အဆိုပါျပပြဲကို မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ျပဳလုပ္ျခင္းျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ ျမန္မာႏိုင္ငံေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း (မႏၲေလး) က ဦးေဆာင္က်င္းပျခင္းျဖစ္ကာ ေက်ာက္စိမ္းအတြဲမ်ားကို အိပ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္ ။
 
ေက်ာက္စိမ္းတြဲမ်ားဝယ္ယူမည္ဆိုပါက အနည္းဆုံး အာမခံစေပၚေငြ က်ပ္သိန္း(၂၀)တင္ရပါမည္ ျဖစ္ၿပီး က်ပ္သိန္း (၂၀၀) ထိဝယ္ယူခြင့္ ရွိမည္ျဖစ္ကာ ျပပြဲတြင္ ေရာင္းခ်မည့္ ေက်ာက္စိမ္း အ႐ိုင္းျဖတ္သားမ်ားကို ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်၍ အေခ်ာထည္မ်ားကို ႏိုင္ငံျခားေငြ ၊ ျမန္မာက်ပ္ေငြ ႏွစ္မ်ိဳးလုံးႏွင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
 
(unicode)
အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် we chat ဖြင့် ရောင်းဝယ်ခြင်း ခွင့်ပြုမည်မဟုတ်
 
အောင်အောင်
 
မန္တလေး၊ အောက်တိုဘာ ၁၇
 
မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည့် အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် တရုတ်နိုင်ငံ၏ လူမှုကွန်ယက်ဖြစ်သည့် we chat ဖြင့် ရောင်းဝယ်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက ကွန်ဗင်းရှင်းစတင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြပွဲကျင်းပရေးကော်မတီမှ ဦးကျော်ဇောအောင်ကပြောသည်။
 
အဆိုပါ ပြပွဲတွင် ကျောက်မျက် ရတနာရောင်းအချောထည် ဆိုင်ခန်း ၂၀၀ ကျော် နှင့် အရိုင်းဖြတ်သား ကျောက်စိမ်းအတွဲ လော့ ၂၆၈၀ ကျော် ပြပွဲတင်ရန် စာရင်းပေးထားပြီးဖြစ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းများ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ခုလုပ်မယ့် ပြပွဲမှာ we chat နဲ့ ရောင်းဝယ်တာကို ခွင့်ပြုမထားဘူး။ တားမြစ်သွားမယ် ။ တကယ်လို့ ရောင်းဝယ်လုပ်နေတာတွေ့ရင် သတိပေးပြီး ထပ်လုပ်နေရင်တော့ သူ့ကို နောက်နောင်ပြပွဲတွေမှာ လာလို့မရအောင် အမည်ပျက်စာရင်း (Blacklist) လုပ်မယ်”ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးကျော်ဇောအောင်က ပြောသည်။
 
အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည် ။
 
ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရပါမည် ဖြစ်ပြီး ကျပ်သိန်း (၂၀၀) ထိဝယ်ယူခွင့် ရှိမည်ဖြစ်ကာ ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်း အရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့် ရောင်းချ၍ အချောထည်များကို နိုင်ငံခြားငွေ ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Share this post