• Follow Us on

Home အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ကျင်းပ

Share this post

ရန်ကုန်၊ မတ် ၁၂

 

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြိုနယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ယင်းနောက် အစည်းအဝေးသဘာပတိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူခဲ့ကြောင်း သိရ သည်။

 

ဆက်လက်၍ ၁၃၈၁ ခုနှစ်၊ တပေါင်းလမှ ယနေ့အထိ ကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများနှင့် တိပိဋကဓရ၊ တိပိဋက ကောဝိဒတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တို့ အတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် အစားထိုးရွေးချယ်တင်မြှောက်ခြင်းခံရသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်များနှင့် နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက် ရယူခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 

#PeopleMedia


Share this post