• Follow Us on

Home ဥကရစ်ထစခန်းကို စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

ဥကရစ်ထစခန်းကို စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဥကရစ်ထစခန်းကို စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်းကို ဇွန်လ ၃၀ ရက် နံနက် (၆) နာရီခန့်က အယ်စေးဝါး ဦးဆောင်သည့် KNDO အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား များ ဖမ်ဆီးခံခဲ့ရသလို လက်နက်များလည်း ဆုံးရှုံးခဲ့သည်။

 

“တပ်မတော်က ပြည်ထောင်စုတပ်မတော်ပါ။ KNLA/KNDO ဆိုတာ ပရော့ဂျက်စစ်ပွဲ ဖန်တီးနေတာ။ ဒီစခန်း သိမ်းနိုင်ရန် ဘယ်လောက်ရမယ် စသဖြင့်ပေါ့။ အခုက ထိုင်း-မြန်မာနယ်စပ်က သောင်းကျန်းသူ စစ်ဆင်ရေး တိုင်း တပ်မတော်က အထိနာနေတာရှိတယ်။ ယန္တရားတွေ နည်းပညာထောက်ကူတွေသုံးတာ အားမရဘူး။ သမာရိုးကျစစ်ဆင်ရေးက အလုပ်မဖြစ်ဘူး။ ကရင်ပြည်နယ်စစ်ဆင်ရေးမှာ တပ်မတော်သားတွေ ထိခိုက်ကျဆုံး မှု ရှိနေတာက ဒါက လူစွမ်းအားအရင်းအမြစ် ဆုံးရှုံးတာပါ။” လို့ တပ်မတော်ချစ်မြတ်နိုးသူတစ်ဦးက ပြောဆို သည်။

 

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNLA/KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တပ်မတော်၏ ဥကရစ်ထ စခန်းကို သိမ်းပိုက်နိုင်ရန် ဆက်လက်ကြိုးစားလျက်ရှိနေသည်။

 

မြန်မာ့တပ်မတော်၏ ဥကရစ်ထစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ဖွဲ့များက ဇွန် ၂၆ ရက် တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 

#PeopleMedia


Share this post