• Follow Us on

Home ဥက္ကံမြို့၌ ပြည်သူဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး သေနတ်ဖြင့် လုပ်ကြံခံရပြီး ပြင်းထန်ဒဏ်ရာရရှိ

ဥက္ကံမြို့၌ ပြည်သူဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး သေနတ်ဖြင့် လုပ်ကြံခံရပြီး ပြင်းထန်ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေလျက်ရှိသော ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခြင်းခံခဲ့ရကြောင်းသိရပါတယ်။

 

ဖြစ်စဉ်မှာ ဆေးရုံသို့ သွားရန်အတွက် ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ဥက္ကံမြို့၊ ဘုရင့်နောင်ရပ်ကွက် အရောက်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်အား ကျော်တက်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်းသိရပါတယ်။

 

“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ရုံးသွားတဲ့အချိန်မှာ ဖြစ်တာ ဆေးရုံကို တင်ထားရပါတယ်။ ဆိုင်ကယ်မောင်းသူ အမျိုးသားလည်း ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုများတွင် လမ်းဘေးတွင် ဈေးရောင်းချနေသည့် ဈေးသည်များ၊ ကုမ္ပဏီဝန်ထမ်းများ သံဃာတော်များကိုပါ ပစ်မှတ်ထားကာ လုပ်ကြံသတ်ဖြတ်မှုများ ခံနေရကြောင်း သိရ ပါတယ်။

 

#PeopleMedia #သန့်ရှင်ရေးဝန်ထမ်း #ဥက္ကံမြို့ #ပြည်သူ့ဆေးရုံ

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post