• Follow Us on
Latest News

Home ဥဇဘက်သို့ထွက်ပြေးသွားသော အာဖဂန်လေယာဉ်မှူးများအား အမေရိကန်စစ်စခန်းသို့ပြန်လွှဲပေး

ဥဇဘက်သို့ထွက်ပြေးသွားသော အာဖဂန်လေယာဉ်မှူးများအား အမေရိကန်စစ်စခန်းသို့ပြန်လွှဲပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

အမေရိကန်လေ့ကျင့်ပေးထားသည့် အာဖဂန်လေယာဉ်မှူးများသည် ၎င်းတို့မိသားစုများကိုခေါ်၍ အာဖဂန်နစ္စ တန်ကို တာလီဘန်များမသိမ်းပိုက်မီ အာဖဂန်နစ္စတန်မှ ဥဇဘက်ကစ္စတန်နိုင်ငံသို့ လေယာဉ်များဖြင့် ထွက်ပြေး ခဲ့ကြရာ လက်ရှိတွင် ယင်းလေယာဉ်မှူးများကို အမေရိကန်များထံသို့ ပြန်လည်လွှဲပြောင်းပေးနေပြီဖြစ်သည်။

 

အဆိုပါလေယာဉ်မှူးများကို အာရပ်စော်ဘွားများနိုင်ငံ (UAE) ရှိ အမေရိကန်စစ်အခြေစိုက်စခန်းသို့ လွှဲပြောင်း ပေးနေပြီဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၁၂ ရက်နေ့စ၍ လေယာဉ်မှူးများ ဥဇဘက်ကစ္စတန်နိုင်ငံမှ UAE သို့ ထွက်ခွာနေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ လေယာဉ်မှူးတစ်ဦးကပြောသည်။ အခြားလေယာဉ်မှူးအုပ်စု နှစ်စုနှင့် ၎င်းတို့မိသားစုဝင်များမှာ လာမည့်ရက်အတွင်း ဥဇဘက်ကစ္စတန်မှထွက်ခွာကြမည်ဖြစ်သည်။

 

တာလီဘန်များက အာဖဂန်လေယာဉ်မှူးများနှင့် လေယာဉ်များ အာဖဂန်နစ္စတန်သို့ပြန်လာရန် ဖိအားပေးခေါ်ခဲ့ သော်လည်း အမေရိကန်နှင့်ဥဇဘက်ကစ္စန်တို့သဘောတူညီချက်အရ လေယာဉ်မှူးများအား လွှဲပြောင်းပို့ဆောင် ပေးရေးအစီအစဉ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်အစိုးရအနေဖြင့် လွှဲပြောင်းလက်ခံရေးအစီအစဉ်ကို လွန်ခဲ့သည့်သီတင်းပတ်အတွင်း သဘောတူညီ ချက်ရရှိခဲ့ခြင်းဖြစ်ပြီး အာဖဂန်လေယာဉ်မှူးများနှင့် မိသားစုဝင်များ စုစုပေါင်း ၅၈၅ ဦးရှိကြောင်းသိရသည်။

 

အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ရုပ်သိမ်းသွားခဲသည့်အတွက် တာလီဘန်များက အာဖဂန်တပ်များကို တိုက်ခိုက်ပြီးနောက် တာလီဘန်များလက်မှလွတ်မြောက်ရန် အာဖဂန်လေယာဉ်မှူးများသည် ၎င်းတို့မိသားစု များကိုခေါ်ဆောင်၍ ဥဇဘက်ကစ္စတန်နိုင်ငံသို့ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ အာဖဂန်လေယာဉ်မှူးများ ၎င်းတို့ နိုင်ငံသို့ပြန်သွားပါက အသတ်ခံရမည်ကို အမေရိကန်အစိုးရက စိုးရိမ်ခဲ့သည်။

 

အာဖဂန်လေယာဉ်မှူးများမှာ တာလီဘန်များ အစုလိုက်အပြုလိုက်သေဆုံးခဲ့သည့် လေကြောင်းမှဗုံးကြဲ တိုက် ခိုက်မှုများကိုလုပ်ဆောင်ခဲ့ကြသူများဖြစ်သဖြင့် တာလီဘန်များက ခါးခါးသီးသီးမုန်းတီးနေဖွယ်ရှိကြောင်း မီဒီယာ များတွင်ရေးသားဖော်ပြကြသည်။

 

“အာဖဂန်လေယာဉ်မှူးတွေ လွတ်မြောက်လာပြီဆိုတဲ့သတင်းကြားရတာ ကျွန်တော်အလွန်ဝမ်းသာပါတယ်။ ဒါ ပေမဲ့ ဒီအစီအစဉ်ဟာ သိပ်ပြီးချောမွေ့တဲ့အစီအစဉ်တော့ မဟုတ်ဘူးဗျ။ လေယာဉ်မှူးတွေဟာ သေကျေပျက်စီး ဖို့ အနီးစပ်ဆုံးလူတွေပါ။ သူတို့ကိုအကာအကွယ်ပေးဖို့ ကျွန်တော်တို့ဆောင်ရွက်တဲ့အရာတိုင်းဟာ အလွန်ကို အရေးကြီးပါတယ်။” ဟု တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန်လွှတ်တော်အမတ် ဖလူဂါကပြောသည်။

 

Ref: Afghan Pilots Who Fled To Uzbekistan Begin Transfer To U.S. Military Base

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Afghan Pilots Who Fled To Uzbekistan Begin Transfer To U.S. Military Base

 

#PeopleMedia


Share this post