• Follow Us on
Latest News

Home ဥပဒေကိုကိုယ်လိုရာဆွဲ၍ပြောနေခြင်းသည် အဆိုးကိုဖြစ်ပေါ်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိပေး

ဥပဒေကိုကိုယ်လိုရာဆွဲ၍ပြောနေခြင်းသည် အဆိုးကိုဖြစ်ပေါ်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိပေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ – ၂၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဥပဒေကို ကိုယ်လိုရာဆွဲပြီး ပြောဆိုနေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်ပေါ်စေနိုင်တယ်၊ တပ်မတော်အ နေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမဆန့်ကျင်တဲ့ တည်ဆဲဥပဒေတွေကို အလေး ထားလိုက်နာသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတ သည့်ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့်ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လို အပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညီညွတ်မျှတပြီး စည်းကမ်းနှင့် ဥပဒေကို လေးစားသည့် အုပ်ချုပ်မှုစနစ်ဖြစ်စေရန်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာအောင်၊ စည်းကမ်းရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
#PeopleMedia #တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(unicode)
……………………………………………….


Share this post