• Follow Us on

Home ဦးေဌးေအာင္မွ NLD ပါတီအေပၚ ေျပာၾကားခ်က္မွန္-မမွန္ စစ္ေဆးေပးရန္ မုိက္ကယ္ေက်ာ္ျမင့္ UEC ထံ တုိင္ၾကား၊ တုိင္ၾကားစာ လက္ခံရရွိေၾကာင္း အေၾကာင္းျပန္

ဦးေဌးေအာင္မွ NLD ပါတီအေပၚ ေျပာၾကားခ်က္မွန္-မမွန္ စစ္ေဆးေပးရန္ မုိက္ကယ္ေက်ာ္ျမင့္ UEC ထံ တုိင္ၾကား၊ တုိင္ၾကားစာ လက္ခံရရွိေၾကာင္း အေၾကာင္းျပန္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၁

ဦးေဌးေအာင္မွ NLD ပါတီအေပၚ ေျပာၾကားခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွန္-မမွန္ စုံစမ္းစစ္ေဆးေပးပါရန္ မုိက္ကယ္ေက်ာ္ျမင့္က ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ထံ တုိင္ၾကားခဲ့ပါတယ္။

တုိင္ၾကားစာကုိ လက္ခံရရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က အေၾကာင္းျပန္ထားတယ္လုိ႔ မုိက္ကယ္ေက်ာ္ျမင့္က ေျပာပါတယ္။

မုိက္ကယ္ေက်ာ္ျမင့္သည္ အေျခခံစားလူတန္းစားဘ၀ဖြံျဖဳိးတိုးတက္ေရးပါတီ အေထြေထြအတြင္းေရးမွဴး တာဝန္ယူထားသူျဖစ္ၿပီး ပါတီတည္ေထာင္သူလည္း ျဖစ္ပါတယ္။

“စာကိုေတာ့ ဒီေန႔ ၁၂ နာရီမွာ သူတို႔လက္ခံရရွိေၾကာင္း UEC ကအေၾကာင္းျပန္ပါတယ္။ တိုင္ၾကားစာကေတာ့ အဓိက ဦးေဌးေအာင္စြပ္စြဲထားသလို ျပည္ပေငြေၾကး၊ ျပည္ပအေထာက္အပံ့၊ ႏိုင္ငံတကာခံစားခြင့္ေတြကို NLD ပါတီ၀င္ေတြအေနနဲ႔ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တကယ္တမ္းရယူထားျခင္းရွိ၊မရွိကို တိတိက်က် စုံစမ္းစစ္ေဆးေပးၿပီးေတာ့ UEC အေနနဲ႔ တိုင္းျပည္ကိုေၾကညာခ်က္ထုတ္ျပန္ေပးဖို႔ ကြ်န္ေတာ္ ေတာင္းဆိုထားတာပါ။ ေပးပို႔တာ ၈ ရက္ေန႔ကေပါ့’’ ဟု ၎ကေျပာပါတယ္။

Orchid ဟုိတယ္ပိုင္ရွင္ ဦးေဌးေအာင္သည္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၈ ရက္၌ ၎၏ ေဖ့စ္ဘုတ္စာမ်က္မွတဆင့္ NLD ပါတီအေနျဖင့္ ႏိုင္ငံျခားတိုင္းျပည္တစ္ခု အဖြဲ႔အစည္းတစ္ခုခုမွ ေငြေၾကးအေထာက္အပံ့မ်ားရယူထား ေၾကာင္း၊ ပါတီ၀င္မ်ားကို သင္တန္းမ်ားပင္ေပးခဲ့ေၾကာင္း စြပ္စြဲေျပာဆုိခဲ့ပါတယ္။

“ကြ်န္ေတာ္သိတာလည္းအမ်ားတန္းတူသိတာပါ။ ယုံၾကည္မႈဆိုတာကေတာ့ အခုႏွစ္ဖက္ေျပာေနတဲ့အေပၚ ဘယ္အရာကိုမွ လြန္ကဲသြားတာမရွိပါဘူး။ ဒါေပမဲ့ ကြ်န္ေတာ္နားလည္တာကႏွစ္ဖက္ေျပာေနတဲ့စကားေပၚမွာ ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒကို ထိခိုက္တဲ့စကားေတြပါေနတယ္။ ေနာက္ ကြ်န္ေတာ္တို႔ UEC ကထုတ္ျပန္ထားတဲ့ ဥပေဒ၊နည္းဥပေဒကိစၥေတြပါေနတယ္။ ပထမေတာ့ ဒါလူတစ္ဦးတစ္ေယာက္အေနနဲ႔ သူဘာသူပုဂၢဳိလ္ေရးေျပာေနတာေတာ့ တစ္က႑ေပါ့ဗ်ာ။ အခုလို ႏိုင္ငံေရးပါတီေတြကိုဖိတ္ၿပီး တရား၀င္ေျပာ လာတဲ့အခါၾကေတာ့ ဒီစကားကတရား၀င္မွန္၊မမွန္၊ဟုတ္၊မဟုတ္ဆိုတာ ကြ်န္ေတာ္တို႔ ဘက္ကဆန္းစစ္ဖို႔ လိုလာၿပီ။ စစ္ေဆးၿပီးရင္ေတာ့မွန္တယ္။ မမွန္ဘူးေပၚလာမွာေပါ့။ ဒါေၾကာင့္တာ၀န္ရွိတဲ့သူေတြကိုတိုင္ၾကား ခဲ့ျခင္းျဖစ္ပါတယ္’’ဟု မိုက္ကယ္ေက်ာ္ျမင့္ကထပ္မံေျပာသည္။

#PeopleMedia #မုိက္ကယ္ေက်ာ္ျမင့္ #2020election

(unicode)
ဦးဌေးအောင်မှ NLD ပါတီအပေါ် ပြောကြားချက်မှန်-မမှန် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့် UEC ထံ တိုင်ကြား၊ တိုင်ကြားစာ လက်ခံရရှိကြောင်း အကြောင်းပြန်
………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၁

ဦးဌေးအောင်မှ NLD ပါတီအပေါ် ပြောကြားချက်များနှင့်ပတ်သက်ပြီး မှန်-မမှန် စုံစမ်းစစ်ဆေးပေးပါရန် မိုက်ကယ်ကျော်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့ပါတယ်။

တိုင်ကြားစာကို လက်ခံရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ထားတယ်လို့ မိုက်ကယ်ကျော်မြင့်က ပြောပါတယ်။

မိုက်ကယ်ကျော်မြင့်သည် အခြေခံစားလူတန်းစားဘဝဖွံဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသူဖြစ်ပြီး ပါတီတည်ထောင်သူလည်း ဖြစ်ပါတယ်။

“စာကိုတော့ ဒီနေ့ ၁၂ နာရီမှာ သူတို့လက်ခံရရှိကြောင်း UEC ကအကြောင်းပြန်ပါတယ်။ တိုင်ကြားစာကတော့ အဓိက ဦးဌေးအောင်စွပ်စွဲထားသလို ပြည်ပငွေကြေး၊ ပြည်ပအထောက်အပံ့၊ နိုင်ငံတကာခံစားခွင့်တွေကို NLD ပါတီဝင်တွေအနေနဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်တမ်းရယူထားခြင်းရှိ၊မရှိကို တိတိကျကျ စုံစမ်းစစ်ဆေးပေးပြီးတော့ UEC အနေနဲ့ တိုင်းပြည်ကိုကြေညာချက်ထုတ်ပြန်ပေးဖို့ ကျွန်တော် တောင်းဆိုထားတာပါ။ ပေးပို့တာ ၈ ရက်နေ့ကပေါ့’’ ဟု ၎င်းကပြောပါတယ်။

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်၌ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်မှတဆင့် NLD ပါတီအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခု အဖွဲ့အစည်းတစ်ခုခုမှ ငွေကြေးအထောက်အပံ့များရယူထား ကြောင်း၊ ပါတီဝင်များကို သင်တန်းများပင်ပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

“ကျွန်တော်သိတာလည်းအများတန်းတူသိတာပါ။ ယုံကြည်မှုဆိုတာကတော့ အခုနှစ်ဖက်ပြောနေတဲ့အပေါ် ဘယ်အရာကိုမှ လွန်ကဲသွားတာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်နားလည်တာကနှစ်ဖက်ပြောနေတဲ့စကားပေါ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်တဲ့စကားတွေပါနေတယ်။ နောက် ကျွန်တော်တို့ UEC ကထုတ်ပြန်ထားတဲ့ ဥပဒေ၊နည်းဥပဒေကိစ္စတွေပါနေတယ်။ ပထမတော့ ဒါလူတစ်ဦးတစ်ယောက်အနေနဲ့ သူဘာသူပုဂ္ဂိုလ်ရေးပြောနေတာတော့ တစ်ကဏ္ဍပေါ့ဗျာ။ အခုလို နိုင်ငံရေးပါတီတွေကိုဖိတ်ပြီး တရားဝင်ပြော လာတဲ့အခါကြတော့ ဒီစကားကတရားဝင်မှန်၊မမှန်၊ဟုတ်၊မဟုတ်ဆိုတာ ကျွန်တော်တို့ ဘက်ကဆန်းစစ်ဖို့ လိုလာပြီ။ စစ်ဆေးပြီးရင်တော့မှန်တယ်။ မမှန်ဘူးပေါ်လာမှာပေါ့။ ဒါကြောင့်တာဝန်ရှိတဲ့သူတွေကိုတိုင်ကြား ခဲ့ခြင်းဖြစ်ပါတယ်’’ဟု မိုက်ကယ်ကျော်မြင့်ကထပ်မံပြောသည်။

#PeopleMedia #မိုက်ကယ်ကျော်မြင့် #2020election


Share this post