• Follow Us on
Latest News

Home ဦးေဌးေအာင္သည္ ေရြးေကာက္ပြဲမတုိင္မွီ ျပစ္မႈတစ္စုံတစ္ရာ ထင္ရွားစီရင္ျခင္းခံရလွ်င္ ကုိယ္စားလွယ္ ေလာင္းအျဖစ္ ပ်က္ျပယ္မည္ဟု ရန္ကုန္တုိင္းေရြေကာက္ပြဲေကာ္မရွင္ဥကၠ႒ဆုိ

ဦးေဌးေအာင္သည္ ေရြးေကာက္ပြဲမတုိင္မွီ ျပစ္မႈတစ္စုံတစ္ရာ ထင္ရွားစီရင္ျခင္းခံရလွ်င္ ကုိယ္စားလွယ္ ေလာင္းအျဖစ္ ပ်က္ျပယ္မည္ဟု ရန္ကုန္တုိင္းေရြေကာက္ပြဲေကာ္မရွင္ဥကၠ႒ဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၈

ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မျဖင့္ တရားစြဲခံထားရသည္ ဦးေဌးေအာင္သည္ ေရြးေကာက္ပြဲမတုိင္မွီ ျပစ္မႈတစ္စုံတစ္ရာ ထင္းရွားစီရင္ျခင္း ခံရပါက ကုိယ္စားလွယ္ေလာင္းအျဖစ္ ပ်က္ျပယ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသၾကီးေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးၾကည္ျမင့္က ေျပာသည္။

“ဦးေဌးေအာင္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းက ဘယ္အခ်ိန္မွာ ပ်က္ျပယ္သြားမလဲဆိုေတာ့ လက္ရွိ ႏိုင္ငံေတာ္အၾကည္အညဳိပ်က္ေစမႈ ၁၂၄ ကနဲ႔စြဲထားတယ္လို႔သိရတယ္။ အဲဒီ ၁၂၄ ကႀကီးနဲ႔ စြဲထားတဲ့အမႈဟာ အကယ္၍မ်ားေရြးေကာက္ပြဲ မတိုင္ခင္မွာ ျပစ္မႈတစ္စုံတစ္ရာ ထင္ရွား စီရင္ခဲ့မယ္ဆိုရင္ေတာ့ ကိုယ္စားလွယ္ေလာင္းအျဖစ္ကပ်က္ျပယ္သြားမွာျဖစ္ပါတယ္”လုိ႔ ဦးၾကည္ျမင့္ကေျပာသည္။

လာမည့္ေရြးေကာက္ပြဲ၌ ဦးေဌးေအာင္သည္ ေကာ့မွဴးျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ျပိဳင္ရန္ ျပင္ဆင္ထားသူတစ္ဦးျဖစ္သည္။

ဦးေဌးေအာင္သည္ ႏုိင္ငံေတာ္အတုိင္ပင္ခံ၊ အစုိးရအပါအဝင္ NLD ပါတီကုိ ၎၏ လူမႈကြန္ယက္မွတစ္ဆင့္ ေဝဖန္၊စြပ္စြဲ၊ေျပာဆုိတုိက္ခုိက္ခဲ့သူျဖစ္သည္။

ထုိ႔အတူ ၾသဂုတ္လ(၂၁)ရက္၌ ဦးေဌးေအာင္ကုိ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ရဲတပ္ဖြဲ႔က ၎ေနထုိင္ရာ ဟုိတယ္၌ လာေရာက္ဖမ္းဆီးခဲ့သည္။

#PeopleMedia #ဦးေဌးေအာင္

(unicode)
ဦးဌေးအောင်သည် ရွေးကောက်ပွဲမတိုင်မှီ ပြစ်မှုတစ်စုံတစ်ရာ ထင်ရှားစီရင်ခြင်းခံရလျှင် ကိုယ်စားလှယ် လောင်းအဖြစ် ပျက်ပြယ်မည်ဟု ရန်ကုန်တိုင်းရွေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆို
………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၈

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲခံထားရသည် ဦးဌေးအောင်သည် ရွေးကောက်ပွဲမတိုင်မှီ ပြစ်မှုတစ်စုံတစ်ရာ ထင်းရှားစီရင်ခြင်း ခံရပါက ကိုယ်စားလှယ်လောင်းအဖြစ် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကြည်မြင့်က ပြောသည်။

“ဦးဌေးအောင်လွှတ်တော်ကိုယ်စားလှယ်လောင်းက ဘယ်အချိန်မှာ ပျက်ပြယ်သွားမလဲဆိုတော့ လက်ရှိ နိုင်ငံတော်အကြည်အညိုပျက်စေမှု ၁၂၄ ကနဲ့စွဲထားတယ်လို့သိရတယ်။ အဲဒီ ၁၂၄ ကကြီးနဲ့ စွဲထားတဲ့အမှုဟာ အကယ်၍များရွေးကောက်ပွဲ မတိုင်ခင်မှာ ပြစ်မှုတစ်စုံတစ်ရာ ထင်ရှား စီရင်ခဲ့မယ်ဆိုရင်တော့ ကိုယ်စားလှယ်လောင်းအဖြစ်ကပျက်ပြယ်သွားမှာဖြစ်ပါတယ်”လို့ ဦးကြည်မြင့်ကပြောသည်။

လာမည့်ရွေးကောက်ပွဲ၌ ဦးဌေးအောင်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသူတစ်ဦးဖြစ်သည်။

ဦးဌေးအောင်သည် နိုင်ငံတော်အတိုင်ပင်ခံ၊ အစိုးရအပါအဝင် NLD ပါတီကို ၎င်း၏ လူမှုကွန်ယက်မှတစ်ဆင့် ဝေဖန်၊စွပ်စွဲ၊ပြောဆိုတိုက်ခိုက်ခဲ့သူဖြစ်သည်။

ထို့အတူ ဩဂုတ်လ(၂၁)ရက်၌ ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရဲတပ်ဖွဲ့က ၎င်းနေထိုင်ရာ ဟိုတယ်၌ လာရောက်ဖမ်းဆီးခဲ့သည်။

#PeopleMedia #ဦးဌေးအောင်


Share this post