• Follow Us on

Home ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါရဲ့ ဗဟိုချက်ဖြစ်လာတယ်လို့ W.H.O ပြော


Share this post

ဂျီနီဗာ၊ မတ် – ၁၄









(Unicode)
ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါရဲ့ ဗဟိုချက်ဖြစ်လာတယ်လို့ W.H.O ပြော
……………………………………………………………

ဂျီနီဗာ၊ မတ် – ၁၄

ဥရောပတိုက်ဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါရဲ့ဗဟိုချက်ဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)ရဲ့ အကြီးအကဲ ဒေါက်တာတက်ဒရို့စ် ဂီဘရီရီးဆက်ကပြောပါတယ်။

ပြင်းထန်တဲ့အစီအမံတွေ၊ လူထုရွှေ့ပြောင်းမှုတွေနဲ့ လူတွေကိုကယ်ဆယ်နိုင်အောင် နေရာတွေခွဲပစ်ဖို့လည်း သူကတိုက်တွန်းပါ တယ်။

ဥရောပနိုင်ငံတော်တော်များများမှာ သေဆုံးမှုနဲ့ကူးစက်ခံရမှုတွေမြင့်တက်လာတဲ့နောက် သူက အခုလိုမှတ်ချက်ပြုတာပါ။

အီတလီနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၅၀ ထပ်တိုးလာပြီး စုစုပေါင်းသေဆုံးသူ ၁၂၆၆ ယောက်ရှိလာပြီး ကူးစက်ခံထားရသူ ၁၇၆၆၀ ရှိနေပါတယ်။ အီတလီပြီးရင် ဒုတိယအထိခိုက်ဆုံးဥရောပနိုင်ငံကတော့ စပိန်ဖြစ်ပြီး သေဆုံး သူအယောက် ၁၂၀ ရှိနေပြီး ကူးစက်ခံရသူ ၄၂၃၁ ယောက်ရှိနေပါတယ်။

ဗိုင်းရပ်စ်မြန်မြန်ဆန်ဆန်ပြန့်နှံ့နေတာကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပကနယ်စပ်တော်တော်များများမှာ ထိန်းချုပ်မှုတွေလုပ်နေပါ တယ်။

ကမ္ဘာတဝန်းကနိုင်ငံ ၁၂၃ နိုင်ငံမှာရှိတဲ့ လူ ၁၃၂၅၀၀ ကျော်ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ W.H.O ကထုတ်ပြန်ထားပါတယ်။

Ref: Coronavirus: Europe now epicentre of the pandemic, says WHO

#PeopleMedia #CoronaVirus #Europe


Share this post