• Follow Us on

Home ဥရောပတွင် COVID-19 ကူးစက်မှုနှုန်း သတိထားစရာဖြစ်နေဟု W.H.O သတိပေး


Share this post







#PeopleMedia

(unicode)
ဥရောပတွင် COVID-19 ကူးစက်မှုနှုန်း သတိထားစရာဖြစ်နေဟု W.H.O သတိပေး
………………………………………………

ကိုပင်ဟေဂင်၊ စက်တင်ဘာ ၁၈

ကြာသပတေးနေ့တွင် ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာသန်း ၃၀ ကျော်ခဲ့ပြီး အသွား အလာကန့်သတ်မှုရက်လျှော့ချလိုက်သည့် ဥရောပနိုင်ငံများတွင် ကူးစက်မှုနှုန်းသတိထားစရာအချက် ပေးဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O) ကသတိပေးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဥရောပတွင် ၂၄ နာရီအတွင်း ကူးစက်အတည်ပြုလူနာ ၅၄၀၀၀ ခန့်ရှိခဲ့ပြီး စံချိန်တင်ခဲ့ပြီးနောက် ယခုစက်တင်ဘာလအတွင်း ကူးစက်မှုများမြင့်တက်လာခြင်းသည် အားလုံးကို လှုပ်နိုးလိုက်သည့်သတိပေးချက်တစ်ခုဟု WHO ဥရောပဒေသညွှန်ကြားရေးမှူး ဟန် ကလုဂ်ျကပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင်စတင်တွေ့ရှိခဲ့သည့်ဗိုင်းရပ်စ် ကူးစက်ခံရသူသန်း ၃၀ ကျော်နေပြီး သေဆုံးသူ ၉၇၀၀၀၀ ကျော်ရှိနေသည်။ ဥရောပတွင် အတည်ပြုလူနာ ၄.၇ သန်းကျော်ရှိနေသည်။

ဥရောပတခွင်ရှိအစိုးရများက ကူးစက်မှုမြင့်တက်နေခြင်းများကို ထိန်းသိမ်းနိုင်ရန် တိုက်ပွဲဝင်နေပြီး စီးပွားရေး ထိခိုက်မှုများကို လျှော့ချနိုင်ရန်နှင့် ဗိုင်းရပ်စ်ကြောင့်ထိခိုက်နေသည့်လူများအပေါ် ကန့်သတ်မှုအသစ်များ ချရန်လည်း ရှောင်ရှားလိုနေကြသည်။

Ref : WHO Europe warns of ‘alarming’ COVID-19 transmission rates

#PeopleMedia


Share this post