• Follow Us on
Latest News

Home ဥေရာပႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ေန႔ထဲ ေသဆံုးသူစံခ်ိန္တင္ျမင့္တက္

ဥေရာပႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ေန႔ထဲ ေသဆံုးသူစံခ်ိန္တင္ျမင့္တက္

Share this post

ဘရပ္ဆဲလ္၊ မတ္ – ၁၆

ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါအျပင္းထန္ဆံုးထိခိုက္ေနတဲ့ႏိုင္ငံေတြဟာ တစ္ရက္အတြင္း ေသဆံုးသူအမ်ားဆံုး အဆင့္ေရာက္႐ွိခဲ့ပါတယ္။

အီတလီမွာ တနဂၤေႏြေန႔က ေသဆံုးသူ ၃၆၈ ေယာက္႐ွိခဲ့ၿပီး ေသဆံုးသူစုစုေပါင္း ၁၈၀၉ ေယာက္႐ွိလာသလို စပိန္မွာလည္း ေသဆံုးသူ ၉၇ ေယာက္႐ွိခဲ့လို႔ စုစုေပါင္း ၂၈၈ ေယာက္႐ွိခဲ့ပါတယ္။

ျပင္သစ္မွာလည္း ေသဆံုးသူ ၂၉ ေယာက္႐ွိခဲ့လို႔ စုစုေပါင္းေသဆံုးသူအေယာက္ ၁၂၀ ႐ွိလာပါၿပီ။

ၿဗိတိန္မွာလည္း ၁၄ ေယာက္ေသဆံုးခဲ့ၿပီး စုစုေပါင္း ၃၅ ေယာက္႐ွိလာပါၿပီ။

ဥေရာပတခြင္မွာ႐ွိတဲ့အစိုးရေတြက ႏိုင္ငံသားေတြရဲ႕ လႈပ္႐ွားမႈေတြကို ကန္႔သတ္တာနဲ႔ နယ္စပ္ေတြမွာ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးတာလုပ္ၿပီး ဗိုင္းရပ္စ္ကူးစက္မႈကိုတံု႔ျပန္ေနပါတယ္။

ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေက်ာင္းေတြကိုပိတ္ထားပါတယ္။

ဥေရာပတိုက္ဟာ တ႐ုတ္ႏိုင္ငံကေနစတင္ျပန္႔ႏွံ႔ခဲ့တဲ့ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါရဲ႕ ဗဟိုခ်က္ျဖစ္လာၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (W.H.O)က ေၾကညာခဲ့ပါတယ္။

Ref : Coronavirus: EU states record highest one-day death toll

#PeopleMedia #CoronaVirus #EuropeDeadToll

(Unicode)
ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့ထဲ သေဆုံးသူစံချိန်တင်မြင့်တက်
…………………………………………………………

ဘရပ်ဆဲလ်၊ မတ် – ၁၆

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါအပြင်းထန်ဆုံးထိခိုက်နေတဲ့နိုင်ငံတွေဟာ တစ်ရက်အတွင်း သေဆုံးသူအများဆုံး အဆင့်ရောက်ရှိခဲ့ပါတယ်။

အီတလီမှာ တနင်္ဂနွေနေ့က သေဆုံးသူ ၃၆၈ ယောက်ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၈၀၉ ယောက်ရှိလာသလို စပိန်မှာလည်း သေဆုံးသူ ၉၇ ယောက်ရှိခဲ့လို့ စုစုပေါင်း ၂၈၈ ယောက်ရှိခဲ့ပါတယ်။

ပြင်သစ်မှာလည်း သေဆုံးသူ ၂၉ ယောက်ရှိခဲ့လို့ စုစုပေါင်းသေဆုံးသူအယောက် ၁၂၀ ရှိလာပါပြီ။

ဗြိတိန်မှာလည်း ၁၄ ယောက်သေဆုံးခဲ့ပြီး စုစုပေါင်း ၃၅ ယောက်ရှိလာပါပြီ။

ဥရောပတခွင်မှာရှိတဲ့အစိုးရတွေက နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်တာနဲ့ နယ်စပ်တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးတာလုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုတုံ့ပြန်နေပါတယ်။

ဥရောပနိုင်ငံတော်တော်များများမှာ ကျောင်းတွေကိုပိတ်ထားပါတယ်။

ဥရောပတိုက်ဟာ တရုတ်နိုင်ငံကနေစတင်ပြန့်နှံ့ခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဗဟိုချက်ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က ကြေညာခဲ့ပါတယ်။

Ref : Coronavirus: EU states record highest one-day death toll

#PeopleMedia #CoronaVirus #EuropeDeadToll


Share this post