• Follow Us on

Home ဦးဂါေက်းရြာတြင္ျဖစ္ပြားခဲ့သည့္ျဖစ္စဉ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ တပ္မေတာ္သား ၃ ဦးအား ဥပေဒႏွင့္အညီအေရးယူႏိုင္ေရးေဆာင္ရြက္မည့္ ျဖစ္စဉ္အေပၚ တပ္မေတာ္သတင္းထုတ္ျပန္မႈ

ဦးဂါေက်းရြာတြင္ျဖစ္ပြားခဲ့သည့္ျဖစ္စဉ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ တပ္မေတာ္သား ၃ ဦးအား ဥပေဒႏွင့္အညီအေရးယူႏိုင္ေရးေဆာင္ရြက္မည့္ ျဖစ္စဉ္အေပၚ တပ္မေတာ္သတင္းထုတ္ျပန္မႈ

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၆

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနေသာစစ္ေၾကာင္းတစ္ခုသည္ ဇြန္လ ၃၀ ရက္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဦးဂါေက်းရြာအနီးအေျချပဳရာမွ ဦးဂါေက်းရြာေန ေဒၚဦးေဌးဝင္းအား စစ္သည္ ၃ ဦးမွ သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ေဒၚဦးေဌးဝင္းမွ စစ္ေတြၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တိုင္ၾကားခဲ့သည္။

တပ္မေတာ္အေနျဖင့္ တိုင္ၾကားမႈႏွင့္ပတ္သက္၍ ျဖစ္စဉ္မွန္ေပၚေပါက္ေစေရးအတြက္ စစ္ေဆးမႈမ်ားေဆာင္ရြက္ရာတြင္ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ရသည့္နယ္ေျမျဖစ္ျခင္း၊ စစ္ေဆးရမည့္သံသယရွိသူမ်ားအေနျဖင့္ လမ္းပန္းဆက္သြယ္မႈခက္ခဲသည့္ေနရာေဒသတြင္ ေရာက္ရွိေနျခင္းတို႔ေၾကာင့္ အခ်ိန္အနည္းငယ္ၾကန္႔ၾကာၿပီးမွသာ စုံစမ္းစစ္ေဆးမႈမ်ားေဆာင္ရြက္ႏိုင္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လအတြင္း စစ္စည္းကမ္းဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သံသယရွိသူမ်ားအား စုံစမ္းစစ္ေဆးေရးခုံ႐ုံးဖြဲ႕စည္း၍ ႏွစ္ဖက္သက္ေသမ်ားျဖင့္ စနစ္တက်စစ္ေဆးေဖာ္ထုတ္ခဲ့ရာ ပထမအႀကိမ္ စစ္ေမးရာတြင္ ျပစ္မႈက်ဴးလြန္သူ ၃ ဦးမွာ ျပစ္မႈက်ဴးလြန္ခဲ့မႈမရွိေၾကာင္း လိမ္လည္ထြက္ဆိုေသာ္လည္း ႏွစ္ဖက္သက္ေသထြက္ဆိုခ်က္မ်ားမွာ ကြဲလြဲမႈမ်ားျပားေနသျဖင့္ စက္တင္ဘာလဆန္း၌ ပိုမိုတိက်သည့္စစ္ေဆးခ်က္မ်ားႏွင့္ ဒုတိယအႀကိမ္ထပ္မံစစ္ေဆးမွသာ အဆိုပါျပစ္မႈက်ဴးလြန္သူ ၃ ဦးမွာ ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုေျဖာင့္ခ်က္ေပးခဲ့သည္။

သို႔ျဖစ္၍ ျပစ္မႈက်ဴးလြန္သူ တပ္မေတာ္သား ၃ ဦးအား စစ္တရား႐ုံးဖြဲ႕စည္း၍ ပြင့္လင္းျမင္သာစြာ စစ္ေဆးသြားမည္ျဖစ္ၿပီး ဥပေဒႏွင့္အညီ ထိေရာက္ျပင္းထန္စြာအေရးယူႏိုင္ေရးႏွင့္ က်န္တာဝန္ရွိသူမ်ားအားလည္း စစ္စည္းကမ္းအရအေရးယူႏိုင္ေရး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ကသတင္းထုတ္ျပန္ထားသည္။

#PeopleMedia #ရေသ့ေတာင္ၿမိဳ႕

(unicode)
ဦးဂါကျေးရွာတွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သား ၃ ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်မည့် ဖြစ်စဉ်အပေါ် တပ်မတော်သတင်းထုတ်ပြန်မှု
………………………………………………………….

နေပြည်တော်၊ စက်တင်ဘာ – ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသောစစ်ကြောင်းတစ်ခုသည် ဇွန်လ ၃၀ ရက်တွင် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအနီးအခြေပြုရာမှ ဦးဂါကျေးရွာနေ ဒေါ်ဦးဌေးဝင်းအား စစ်သည် ၃ ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်ဦးဌေးဝင်းမှ စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည့်နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့်သံသယရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်နေရာဒေသတွင် ရောက်ရှိနေခြင်းတို့ကြောင့် အချိန်အနည်းငယ်ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သံသယရှိသူများအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ နှစ်ဖက်သက်သေများဖြင့် စနစ်တကျစစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာတွင် ပြစ်မှုကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှုမရှိကြောင်း လိမ်လည်ထွက်ဆိုသော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့်စစ်ဆေးချက်များနှင့် ဒုတိယအကြိမ်ထပ်မံစစ်ဆေးမှသာ အဆိုပါပြစ်မှုကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးအား စစ်တရားရုံးဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။

#PeopleMedia #ရသေ့တောင်မြို့


Share this post