• Follow Us on

Home “ဦးမင္းသူ လာမယ့္ ငါးႏွစ္တာကာလအတြက္ သမၼတ (သို႔မဟုတ္) ဒုတိယသမၼတအျဖစ္ ေနျပည္ေတာ္ အာ ဏာရအသိုင္းအဝိုင္းအတြင္းက အလားအလာတြက္ခ်က္ေနၾကတဲ့သူတစ္ဦးပါ” NLD အစိုးရသစ္မွာ သမၼတဘယ္သူျဖစ္မလဲ

“ဦးမင္းသူ လာမယ့္ ငါးႏွစ္တာကာလအတြက္ သမၼတ (သို႔မဟုတ္) ဒုတိယသမၼတအျဖစ္ ေနျပည္ေတာ္ အာ ဏာရအသိုင္းအဝိုင္းအတြင္းက အလားအလာတြက္ခ်က္ေနၾကတဲ့သူတစ္ဦးပါ” NLD အစိုးရသစ္မွာ သမၼတဘယ္သူျဖစ္မလဲ

Share this post

ဦးဝင္းျမင့္
ၾကားသိေနရတဲ့ သတင္းစကားေတြအရ လာမယ့္ငါးႏွစ္တာကာလ သမၼတအျဖစ္ အလားအလာရွိဆုံးပုဂၢိဳလ္က ေတာ့ ဦးဝင္းျမင့္ပါ။ ဦးဝင္းျမင့္ဟာ လက္ရွိမွာလည္း နိုင္ငံေတာ္သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ယုံၾကည္မႈ စိတ္ခ်မႈခံရတဲ့ ပါတီေခါင္းေဆာင္တစ္ဦးပါ။ ပါတီရဲ႕ ဒုဥကၠ႒ (၂) အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ ပါတီမွာ တာဝန္အရွိဆုံးပုဂၢိဳလ္တစ္ဦးလည္းျဖစ္ပါတယ္။

ဦးဝင္းျမင့္ဟာ အခု ၂၀၂၀ ေရြးေကာက္ပြဲ အပါအဝင္ဆိုရင္ ေလးထပ္ကြမ္း လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံထားရသူပါ။ ၁၉၉၀ ေရြးေကာက္ပြဲမွာ ဓႏုျဖဴျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲမွာ ပုသိမ္ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္နဲ႔ ၂၀၁၅ ေရြးေကာက္ပြဲ၊ ၂၀၂၀ ေရြးေကာက္ပြဲတို႔မွာ တာေမြ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ ေလးႀကိမ္တိတိ အေရြးခ်ယ္ခံရတဲ့ လႊတ္ေတာ္ကိုယ္စား လွယ္တစ္ဦးပါ။

၈၈ အေရးေတာ္ပုံအၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို စတင္ဝင္ေရာက္ခ်ိန္ကစလို႔ ဓႏုျဖဴၿမိဳ႕နယ္ စည္း႐ုံး ေရးမွဴး၊ ဧရာဝတီတိုင္းေဒသႀကီး စည္း႐ုံးေရးမွဴး တာဝန္ေတြကို ထမ္းေဆာင္ခဲ့သလို အမ်ိဳးသားညီလာခံရဲ့ ကိုယ္စားလွယ္အျဖစ္လည္း အန္အယ္လ္ဒီကို ကိုယ္စားျပဳၿပီး တက္ေရာက္ခဲ့ရပါတယ္။ အန္အယ္လ္ဒီအေနနဲ႔ အမ်ိဳးသားညီလာခံကို သပိတ္ေမွာက္ထြက္လာၿပီးတဲ့ေနာက္မွာ ေဒၚ ေအာင္ဆန္းစုၾကည္အေနနဲ႔ ဦးဝင္းျမင့္ကို ပါတီဗဟိုဌာနခ်ဳပ္မွာ တာဝန္ယူလုပ္ေဆာင္ဖို႔ တာဝန္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဦးဝင္းျမင့္နဲ႔ မိသားစုဟာ ေဒၚေအာင္ဆန္းစုၾကည္ေပးအပ္တဲ့ တာဝန္ကို ထမ္းေဆာင္ဖို႔ ဓႏုျဖဴၿမိဳ႕က ေနအိမ္ကို ေရာင္းခ်ၿပီး ရန္ကုန္မွာ ေျပာင္းေရႊ႕အေျခခ်ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က လႊတ္ေျမာက္ၿပီး ေနာက္မွာလည္း ဦးဝင္းျမင့္ဟာ အနီး ကပ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ပါတီတာဝန္ေတြကို ဒုဥကၠဌ (၁) ေနရာအထိ အဆင့္ဆင့္တာဝန္ေပးအပ္ျခင္း ခံခဲ့ရပါတယ္။

၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲကေန အန္အယ္လ္ဒီအေနနဲ႔ လႊတ္ေတာ္တြင္း ေရာက္ရွိသြားတဲ့အခါ ေဒၚ ေအာင္ဆန္းစုၾကည္ဥကၠ႒အျဖစ္ တာဝန္ယူတဲ့ ျပည္သူ႔လႊတ္ေတာ္ တရားဥပေဒစိုးမိုးေရးႏွင့္ တည္ၿငိမ္ေအး ခ်မ္းေရးေကာ္မတီ အတြင္းေရးမွဴးအျဖစ္ ဦးဝင္းျမင့္ဟာ အနီးကပ္တာဝန္ယူခဲ့ရပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေရြးခ်ယ္မႈနဲ႔ ေရြးေကာက္ပြဲအနိုင္ရၿပီးေနာက္ လႊတ္ေတာ္တြင္းနဲ႔ အစိုးရအဖြဲ႕အတြင္း ေနရာခန႔္အပ္မႈေတြမွာလည္း ဦးဝင္းျမင့္ဟာ အဓိကေနရာက ပါဝင္သူ တစ္ဦးျဖစ္သလို သူကိုယ္တိုင္လည္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ရပါတယ္။ ဒီေနာက္မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ဦးဝင္းျမင့္ရဲ့ လုပ္ေဆာင္ခ်က္ေတြဟာ လႊတ္ေတာ္တြင္းမွာ အျခားပါတီကိုယ္စား လွယ္ေတြက ေထာက္ခံမႈရရွိတဲ့အထိ ေအာင္ျမင္ခဲ့တဲ့ နည္းတူ၊ လႊတ္ေတာ္ဥကၠ႒တစ္ဦးအေနနဲ႔ လႊတ္ေတာ္ကို ေရာ၊ အစိုးရအဖြဲ႕ကိုပါ နိုင္နိုင္နင္းနင္း ထိန္းေက်ာင္းနိုင္စြမ္းရွိခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ သမၼတအျဖစ္ တာဝန္ေပးအပ္ခံရတဲ့အခါမွာလည္း ျပည္ေထာင္စုအစိုးရအဖြဲ႕ကိုသာမက တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အစိုးရအဖြဲ႕ေတြကိုလည္း ကြင္းဆင္းၿပီး ထိန္းေက်ာင္းၾကပ္မတ္တာေတြကို လုပ္ေဆာင္နိုင္ခဲ့ပါတယ္။

ေျပာရမယ္ဆိုရင္ ဦးဝင္းျမင့္ဟာ သမၼတအျဖစ္လည္း လက္ရွိအန္အယ္လ္ဒီပါတီရဲ့ မူဝါဒအရ ေရွ႕တန္းကို သိပ္မထြက္ေပမယ့္ အစိုးရ အဖြဲ႕ကို တိတိက်က် ျပတ္ျပတ္သားသား ထိန္းေက်ာင္းနိုင္ခဲ့သူပါ။ သူ႔လက္ထက္မွာ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို အရပ္သား အစိုးရလက္ေအာက္ လႊဲေျပာင္းယူနိုင္ခဲ့တာ၊ ျပည္သူလူထုနဲ႔ ဆန႔္က်င္တဲ့ အစိုးရလုပ္ေဆာင္ခ်က္ေတြကို အခ်ိန္မီ ထိန္းသိမ္း ျပင္ဆင္ နိုင္ခဲ့တာ စတာေတြကို လုပ္ေဆာင္နိုင္ခဲ့သလို ျပည္ေထာင္စုဝန္ႀကီးေတြကိုလည္း မ်က္ႏွာမေထာက္ဘဲ လုပ္ငန္းသေဘာအရ ျပတ္ ျပတ္သားသား ၾကပ္မတ္နိုင္သူပါ။ ဦးဝင္းျမင့္အေနနဲ႔ အထင္ရွားဆုံးကေတာ့ အဂတိကင္းစင္လြန္းတဲ့ နိုင္ငံေရးေခါင္းေဆာင္တစ္ဦး အျဖစ္ သူ႔ရဲ့နိုင္ငံေရးျဖတ္သန္းမႈကို ထိန္းသိမ္းထားနိုင္တာပါပဲ။
ဒီအေျခအေနအရပ္ရပ္ေတြအေပၚမွာ သုံးသပ္ၾကည့္ၾကမယ္ဆိုရင္ ၾကားသိေနရတဲ့ သတင္းစကားေတြအထဲက လာမယ့္ငါးႏွစ္တာ ကာလ အစိုးရအဖြဲ႕ကို သမၼတအျဖစ္ ဦးဝင္းျမင့္ကပဲ ဆက္လက္ထိန္းေက်ာင္းကိုင္တြယ္သြားနိုင္ဖို႔ဟာ အလားအလာ အမ်ားဆုံးအေၿခ အေန ျဖစ္ေနပါတယ္။

(unicode)
ဦးဝင်းမြင့်
ကြားသိနေရတဲ့ သတင်းစကားတွေအရ လာမယ့်ငါးနှစ်တာကာလ သမ္မတအဖြစ် အလားအလာရှိဆုံးပုဂ္ဂိုလ်က တော့ ဦးဝင်းမြင့်ပါ။ ဦးဝင်းမြင့်ဟာ လက်ရှိမှာလည်း နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု စိတ်ချမှုခံရတဲ့ ပါတီခေါင်းဆောင်တစ်ဦးပါ။ ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ပါတီမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ အခု ၂၀၂၀ ရွေးကောက်ပွဲ အပါအဝင်ဆိုရင် လေးထပ်ကွမ်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဓနုဖြူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ပုသိမ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲတို့မှာ တာမွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လေးကြိမ်တိတိ အရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးပါ။

၈၈ အရေးတော်ပုံအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဝင်ရောက်ချိန်ကစလို့ ဓနုဖြူမြို့နယ် စည်းရုံး ရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့သလို အမျိုးသားညီလာခံရဲ့ ကိုယ်စားလှယ်အဖြစ်လည်း အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ရပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်လာပြီးတဲ့နောက်မှာ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ ဦးဝင်းမြင့်ကို ပါတီဗဟိုဌာနချုပ်မှာ တာဝန်ယူလုပ်ဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒါကြောင့် ဦးဝင်းမြင့်နဲ့ မိသားစုဟာ ဒေါ်အောင်ဆန်းစုကြည်ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဓနုဖြူမြို့က နေအိမ်ကို ရောင်းချပြီး ရန်ကုန်မှာ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ပြီး နောက်မှာလည်း ဦးဝင်းမြင့်ဟာ အနီး ကပ်တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီတာဝန်တွေကို ဒုဥက္ကဌ (၁) နေရာအထိ အဆင့်ဆင့်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်တွင်း ရောက်ရှိသွားတဲ့အခါ ဒေါ် အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ အတွင်းရေးမှူးအဖြစ် ဦးဝင်းမြင့်ဟာ အနီးကပ်တာဝန်ယူခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်မှုနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် လွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်း နေရာခန့်အပ်မှုတွေမှာလည်း ဦးဝင်းမြင့်ဟာ အဓိကနေရာက ပါဝင်သူ တစ်ဦးဖြစ်သလို သူကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒီနောက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်ရဲ့ လုပ်ဆောင်ချက်တွေဟာ လွှတ်တော်တွင်းမှာ အခြားပါတီကိုယ်စား လှယ်တွေက ထောက်ခံမှုရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ နည်းတူ၊ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ လွှတ်တော်ကို ရော၊ အစိုးရအဖွဲ့ကိုပါ နိုင်နိုင်နင်းနင်း ထိန်းကျောင်းနိုင်စွမ်းရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ သမ္မတအဖြစ် တာဝန်ပေးအပ်ခံရတဲ့အခါမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုသာမက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကိုလည်း ကွင်းဆင်းပြီး ထိန်းကျောင်းကြပ်မတ်တာတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ဦးဝင်းမြင့်ဟာ သမ္မတအဖြစ်လည်း လက်ရှိအန်အယ်လ်ဒီပါတီရဲ့ မူဝါဒအရ ရှေ့တန်းကို သိပ်မထွက်ပေမယ့် အစိုးရ အဖွဲ့ကို တိတိကျကျ ပြတ်ပြတ်သားသား ထိန်းကျောင်းနိုင်ခဲ့သူပါ။ သူ့လက်ထက်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အရပ်သား အစိုးရလက်အောက် လွှဲပြောင်းယူနိုင်ခဲ့တာ၊ ပြည်သူလူထုနဲ့ ဆန့်ကျင်တဲ့ အစိုးရလုပ်ဆောင်ချက်တွေကို အချိန်မီ ထိန်းသိမ်း ပြင်ဆင် နိုင်ခဲ့တာ စတာတွေကို လုပ်ဆောင်နိုင်ခဲ့သလို ပြည်ထောင်စုဝန်ကြီးတွေကိုလည်း မျက်နှာမထောက်ဘဲ လုပ်ငန်းသဘောအရ ပြတ် ပြတ်သားသား ကြပ်မတ်နိုင်သူပါ။ ဦးဝင်းမြင့်အနေနဲ့ အထင်ရှားဆုံးကတော့ အဂတိကင်းစင်လွန်းတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အဖြစ် သူ့ရဲ့နိုင်ငံရေးဖြတ်သန်းမှုကို ထိန်းသိမ်းထားနိုင်တာပါပဲ။
ဒီအခြေအနေအရပ်ရပ်တွေအပေါ်မှာ သုံးသပ်ကြည့်ကြမယ်ဆိုရင် ကြားသိနေရတဲ့ သတင်းစကားတွေအထဲက လာမယ့်ငါးနှစ်တာ ကာလ အစိုးရအဖွဲ့ကို သမ္မတအဖြစ် ဦးဝင်းမြင့်ကပဲ ဆက်လက်ထိန်းကျောင်းကိုင်တွယ်သွားနိုင်ဖို့ဟာ အလားအလာ အများဆုံးအခြေ အနေ ဖြစ်နေပါတယ်

ဦးမင္းသူ

လက္ရွိ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူဟာလည္း ေနျပည္ေတာ္ အာဏာရ အသိုင္းအဝိုင္းက ၾကားသိေနရတဲ့ သတင္းစကားေတြအရ သမၼတ(သို႔မဟုတ္)ဒုတိယသမၼတ ျဖစ္လာနိုင္ဖို႔ အလားအလာရွိေနသူ တစ္ဦးပါ။

ဦးမင္းသူဟာ စစ္တကၠသိုလ္အပတ္စဥ္ (၂၀)ဆင္း တပ္မေတာ္သား တစ္ဦးျဖစ္ၿပီး လက္ရွိတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္နဲ႔ တပ္မေတာ္အစဥ္အလာအရ အကိုႀကီး၊ ညီေလး ဆက္ဆံေရးမ်ိဳး ရွိခဲ့သူ တစ္ဦးျဖစ္ပါတယ္။ ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္ ဒုတိယဌာနခ်ဳပ္မႉး ဗိုလ္မႉးခ်ဳပ္အျဖစ္ကေန အၿငိမ္းစားယူခဲ့ၿပီး ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းမွာ လည္း ပိုင္းေလာ့တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ထူးကုမၸဏီအုပ္စုပိုင္ Air Bagan ေလေၾကာင္းလိုင္းမွာလည္း တာဝန္ယူ လုပ္ကိုင္ေဆာင္ရြက္ဖူးၿပီး သူ႔ရဲ့ ဇနီးျဖစ္သူဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ညီအစ္မလို ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူ ျဖစ္ပါတယ္။

အန္အယ္လ္ဒီပါတီ အစိုးရအျဖစ္ အာဏာရၿပီးတဲ့ေနာက္ ဦးမင္းသူဟာ ေနျပည္ေတာ္ေကာင္စီဝင္ျဖစ္လာခဲ့ၿပီး ေလးလအၾကာမွာ သမၼတ႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ရာထူးတိုးျမင့္ခဲ့ပါတယ္။ ဦးဝင္းျမင့္ သမၼတရာထူးလက္ခံၿပီး မၾကာမီ ၂၀၁၈ ခုႏွစ္မွာေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးျဖစ္လာၿပီး လက္ရွိမွာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို တာဝန္ယူ ေနရသူပါ။

ေျပာရရင္ ဦးမင္းသူဟာ အန္အယ္လ္ဒီအစိုးရလက္ထက္ ငါးႏွစ္တာကာလအတြင္း လ်င္လ်င္ျမန္ျမန္ပဲ တာဝန္အဆင့္ဆင့္ ကို တိုးတက္ရရွိခဲ့တဲ့အထိ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ယုံၾကည္မႈကို ရရွိခဲ့ၿပီး လက္ရွိမွာ ဦးေက်ာ္တင့္ေဆြနဲ႔အတူ ေဒၚေအာင္ဆန္းစု ၾကည္ထံ အခ်ိန္မေရြး ဝင္ထြက္ခြင့္ရရွိထားတဲ့ ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။

အေျခအေနအရပ္ရပ္ေတြအရ ဦးမင္းသူ လာမယ့္ငါးႏွစ္တာကာလအတြက္ သမၼတ (သို႔မဟုတ္) ဒုတိယသမၼတအျဖစ္ ေနျပည္ေတာ္ အာဏာရအသိုင္းအဝိုင္းအတြင္းက အလားအလာတြက္ခ်က္ေနၾကတဲ့ သူတစ္ဦးပါ။

(unicode)
ဦးမင်းသူ

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူဟာလည်း နေပြည်တော် အာဏာရ အသိုင်းအဝိုင်းက ကြားသိနေရတဲ့ သတင်းစကားတွေအရ သမ္မတ(သို့မဟုတ်)ဒုတိယသမ္မတ ဖြစ်လာနိုင်ဖို့ အလားအလာရှိနေသူ တစ်ဦးပါ။

ဦးမင်းသူဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၀)ဆင်း တပ်မတော်သား တစ်ဦးဖြစ်ပြီး လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အစဉ်အလာအရ အကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုး ရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မြိတ်လေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ်အဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းမှာ လည်း ပိုင်းလော့တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထူးကုမ္ပဏီအုပ်စုပိုင် Air Bagan လေကြောင်းလိုင်းမှာလည်း တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ဖူးပြီး သူ့ရဲ့ ဇနီးဖြစ်သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီအစ်မလို ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ အစိုးရအဖြစ် အာဏာရပြီးတဲ့နောက် ဦးမင်းသူဟာ နေပြည်တော်ကောင်စီဝင်ဖြစ်လာခဲ့ပြီး လေးလအကြာမှာ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရာထူးတိုးမြင့်ခဲ့ပါတယ်။ ဦးဝင်းမြင့် သမ္မတရာထူးလက်ခံပြီး မကြာမီ ၂၀၁၈ ခုနှစ်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး လက်ရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တာဝန်ယူ နေရသူပါ။

ပြောရရင် ဦးမင်းသူဟာ အန်အယ်လ်ဒီအစိုးရလက်ထက် ငါးနှစ်တာကာလအတွင်း လျင်လျင်မြန်မြန်ပဲ တာဝန်အဆင့်ဆင့် ကို တိုးတက်ရရှိခဲ့တဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး လက်ရှိမှာ ဦးကျော်တင့်ဆွေနဲ့အတူ ဒေါ်အောင်ဆန်းစု ကြည်ထံ အချိန်မရွေး ဝင်ထွက်ခွင့်ရရှိထားတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်တွေအရ ဦးမင်းသူ လာမယ့်ငါးနှစ်တာကာလအတွက် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတအဖြစ် နေပြည်တော် အာဏာရအသိုင်းအဝိုင်းအတွင်းက အလားအလာတွက်ချက်နေကြတဲ့ သူတစ်ဦးပါ။

ေဒၚနန္းခင္ေထြးျမင့္

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒၚနန္းခင္ေထြးျမင့္ဟာ အစဥ္အလာရွိၿပီး ထက္ျမက္တဲ့ အမ်ိဳးသမီး နိုင္ငံေရးေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။

ဖခင္ျဖစ္သူဟာ ကရင္ျပည္နယ္ ျပည္သူ႔ေကာင္စီဥကၠဌအျဖစ္ တာဝန္ယူခဲ့တဲ့ ေဒါက္တာ ေစာလွထြန္းျဖစ္ၿပီး ကရင္ျပည္နယ္အတြင္းမွာ လူထုၾကည္ညိဳေလးစားတဲ့ နိုင္ငံေရးမိသားစုဝင္တစ္ဦးပါ။ ၁၉၇၅ ခုႏွစ္ကတည္းက ရန္ကုန္တကၠသိုလ္ေက်ာင္းသားဆႏၵျပမႈ ထဲမွာ ပါဝင္ခဲ့လို႔ ဖမ္းဆီးေထာင္ခ်ခံခဲ့ရၿပီး ၁၉၇၈ ခုႏွစ္မွာ အက်ဥ္းေထာင္ကေန လြတ္ေျမာက္ခဲ့ပါတယ္။ ၈၈ ခုႏွစ္ အေရးေတာ္ပုံမွာ ပါဝင္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္မွာ အန္အယ္လ္ဒီပါတီမွာ ပါဝင္လႈပ္ရွားေနရင္း ေနာက္တစ္ႀကိမ္ အက်ဥ္းခ်ထားျခင္းခံခဲ့ရပါတယ္။

နိုင္ငံေရးမွာ ထုသားေပသားက်က် ျဖတ္သန္းလာၿပီး ထက္ျမက္တဲ့ အမ်ိဳးသမီး နိုင္ငံေရးသမားတစ္ဦးျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ယုံၾကည္ကိုးစားျခင္းခံရတဲ့ အန္အယ္လ္ပါတီဗဟိုအလုပ္အမႈေဆာင္ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

လာမယ့္ငါးႏွစ္တာကာလမွာ အစိုးရသစ္ဖြဲ႕စည္းတဲ့အခါမွာ အမ်ိဳးသမီသမၼတ တစ္ဦးဦးမ်ား ျဖစ္လာမလားလို႔ မွန္းဆေနၾကတဲ့ တြက္ ခ်က္မႈေတြထဲမွာ ေဒၚနန္းခင္ေထြးျမင့္ဟာ သမၼတျဖစ္လာနိုင္ေခ်ရွိတဲ့ တိုင္းရင္းသား အမ်ိဳးသမီး နိုင္ငံေရးေခါင္းေဆာင္တစ္ဦး ျဖစ္ပါတယ္။

ဒီတင္ျပခ်က္ဟာ ေနျပည္ေတာ္အာဏာရ အန္အယ္လ္ဒီပါတီအသိုင္းအဝိုင္းအတြင္းက ၾကားသိရတဲ့ သတင္းစကားေတြျဖစ္ၿပီး ဒုတိ ယသမၼတေနရာအတြက္လည္း အန္အယ္လ္ဒီအေနနဲ႔ တိုင္းရင္းသားပါတီေတြနဲ႔ ညႇိႏွိုင္းၿပီး တိုင္းရင္းသားတစ္ဦးဦးကို ေရြးခ်ယ္သြားဖို႔ ရွိေနတယ္လို႔လည္း သတင္းစကားေတြ ၾကားသိေနရပါတယ္။

(unicode)
ဒေါ်နန်းခင်ထွေးမြင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အစဉ်အလာရှိပြီး ထက်မြက်တဲ့ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ ကရင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ စောလှထွန်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်းမှာ လူထုကြည်ညိုလေးစားတဲ့ နိုင်ငံရေးမိသားစုဝင်တစ်ဦးပါ။ ၁၉၇၅ ခုနှစ်ကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားဆန္ဒပြမှု ထဲမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ၁၉၇၈ ခုနှစ်မှာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အန်အယ်လ်ဒီပါတီမှာ ပါဝင်လှုပ်ရှားနေရင်း နောက်တစ်ကြိမ် အကျဉ်းချထားခြင်းခံခဲ့ရပါတယ်။

နိုင်ငံရေးမှာ ထုသားပေသားကျကျ ဖြတ်သန်းလာပြီး ထက်မြက်တဲ့ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစားခြင်းခံရတဲ့ အန်အယ်လ်ပါတီဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

လာမယ့်ငါးနှစ်တာကာလမှာ အစိုးရသစ်ဖွဲ့စည်းတဲ့အခါမှာ အမျိုးသမီသမ္မတ တစ်ဦးဦးများ ဖြစ်လာမလားလို့ မှန်းဆနေကြတဲ့ တွက် ချက်မှုတွေထဲမှာ ဒေါ်နန်းခင်ထွေးမြင့်ဟာ သမ္မတဖြစ်လာနိုင်ချေရှိတဲ့ တိုင်းရင်းသား အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ဒီတင်ပြချက်ဟာ နေပြည်တော်အာဏာရ အန်အယ်လ်ဒီပါတီအသိုင်းအဝိုင်းအတွင်းက ကြားသိရတဲ့ သတင်းစကားတွေဖြစ်ပြီး ဒုတိ ယသမ္မတနေရာအတွက်လည်း အန်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းပြီး တိုင်းရင်းသားတစ်ဦးဦးကို ရွေးချယ်သွားဖို့ ရှိနေတယ်လို့လည်း သတင်းစကားတွေ ကြားသိနေရပါတယ်။

 


Share this post