• Follow Us on

Home ဧရာဝတီစင္တာအတြက္ (၂၄)နာရီအတြင္း ေစတနာ့ဝန္ထမ္း (၁၅၀၀)ေက်ာ္ ေလၽွာက္ထား

ဧရာဝတီစင္တာအတြက္ (၂၄)နာရီအတြင္း ေစတနာ့ဝန္ထမ္း (၁၅၀၀)ေက်ာ္ ေလၽွာက္ထား

Share this post

ဧရာဝတီစင္တာအတြက္ ေစတနာ့ဝန္ထမ္းမ်ားကို အြန္လိုင္းမွတစ္ဆင့္ ဖိတ္ေခၚခဲ့ရာ (၂၄)နာရီအခ်ိန္အတြင္း စိတ္ပါဝင္စားစြာ ေလၽွာက္ထားသူ (၁၅၀၀)ေက်ာ္အထိ လက္ခံရရွိခဲ့ပါသည္။

လက္ရွိအခ်ိန္တြင္ ဧရာဝတီစင္တာ (A) အဆင္ေျပစြာ လည္ပတ္နိုင္ရန္အတြက္ ေစတနာ့ဝန္ထမ္း (၁၅၀)ေက်ာ္က ေန႔မအား ညမနား ႀကိဳးပမ္းတာဝန္ ထမ္းေဆာင္လ်က္ရွိၾကၿပီး ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္သြားမည့္ စင္တာ (B) ႏွင့္ (C) တို႔အတြက္ ေစတနာ့ဝန္ထမ္း လိုအပ္ခ်က္ကို ျဖည့္ဆည္းနိုင္ရန္ႏွင့္ အလွည့္က်တာဝန္ လႊဲေျပာင္းနိုင္ရန္အတြက္ ျပင္ပမွ စိတ္ပါဝင္စားသူမ်ားကို ဖိတ္ေခၚခဲ့ျခင္း ျဖစ္ပါသည္။

ေလၽွာက္ထားၾကသူမ်ားတြင္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အင္ဂ်င္နီယာ၊ နည္းပညာကၽြမ္းက်င္သူ အစရွိသည့္ လူငယ္လူလတ္ပိုင္းမ်ား ပါဝင္ၿပီး အြန္လိုင္းမွတစ္ဆင့္ တစ္ဦးခ်င္း ေဆြးေႏြး၍ စိစစ္ေရြးခ်ယ္ဖိတ္ေခၚကာ ေစတနာ့ဝန္ထမ္းဆင့္ပြား အသိပညာမ်ား ပို႔ခ်ေပးသြားမည္ ျဖစ္ပါသည္။

ဧရာဝတီစင္တာတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ရန္အတြက္ တက္ႂကြစြာျဖင့္ ပါဝင္ေလၽွာက္ထားၾကသူမ်ား အားလုံးကို ဧရာဝတီေဖာင္ေဒးရွင္းမွ အထူးပင္ ေက်းဇူးတင္ရွိပါသည္။

မွတ္ခ်က္။ ။ဧရာဝတီစင္တာ၏ ေဖာ္ျပခ်က္ကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပသည္။

#PeopleMedia #ဧရာဝတီစင္တာ #COVID19

(unicode)

ဧရာဝတီစင်တာအတွက် (၂၄)နာရီအတွင်း စေတနာ့ဝန်ထမ်း (၁၅၀၀)ကျော် လျှောက်ထား

ဧရာဝတီစင်တာအတွက် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ (၂၄)နာရီအချိန်အတွင်း စိတ်ပါဝင်စားစွာ လျှောက်ထားသူ (၁၅၀၀)ကျော်အထိ လက်ခံရရှိခဲ့ပါသည်။

လက်ရှိအချိန်တွင် ဧရာဝတီစင်တာ (A) အဆင်ပြေစွာ လည်ပတ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း (၁၅၀)ကျော်က နေ့မအား ညမနား ကြိုးပမ်းတာဝန် ထမ်းဆောင်လျက်ရှိကြပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့် စင်တာ (B) နှင့် (C) တို့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အလှည့်ကျတာဝန် လွှဲပြောင်းနိုင်ရန်အတွက် ပြင်ပမှ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

လျှောက်ထားကြသူများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်ပိုင်းများ ပါဝင်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း ဆွေးနွေး၍ စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများ ပို့ချပေးသွားမည် ဖြစ်ပါသည်။

ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တက်ကြွစွာဖြင့် ပါဝင်လျှောက်ထားကြသူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

မှတ်ချက်။ ။ဧရာဝတီစင်တာ၏ ဖော်ပြချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြသည်။

#PeopleMedia #ဧရာဝတီစင်တာ #COVID19


Share this post