• Follow Us on
Latest News

Home ဧရာဝတီတိုင်းလွှတ်တော်သစ်ဖွင့်ပွဲ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းလွှတ်တော်သစ်ဖွင့်ပွဲ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် တက်ရောက်ဖွင့်လှစ်

Share this post

ဧရာဝတီ၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်ဖွင့်လှစ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
 
လွှတ်တော်အဆောက်အအုံသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပါတယ်။
 
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သစ် ပင်မအဆောက်အအုံဝန်းဟာ ၁၂ ဒသမ ၆၇ ဧက ကျယ်ဝန်းပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး ငွေကျပ် ၅ ဒသမ ၇၉ ဘီလီယံ အကုန်ကျခံကာ တည်ဆောက်ထား တာ ဖြစ်ပါတယ်။
 
လွှတ်တော်အဆောက်အအုံဟာ ၇၄၉၄ စတုရန်းပေ ကျယ်ဝန်းတဲ့ လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော် စီမံခန့်ခွဲမှုလုပ်ငန်းများ ပြုလုပ်နိုင်ဖို့ ၂၁၆၇ စတုရန်းပေ ကျယ်ဝန်းတဲ့ အစည်းအဝေးခန်းမ၊ လွှတ်တော်ရေးရာ ကော်မတီ (၁၂) ရပ်အတွက် ရေးရာကော်မတီရုံးခန်း (၁၂) ခန်းပါရှိတာ ဖြစ်ပါတယ်။
 
ပြည်တွင်းပြည်ပ ဧည့်သည့်များ လက်ခံတွေ့ဆုံနိုင်ဖို့ အသံလုံစနစ်ပါ အခန်းတစ်ခန်း၊ ကျွေးမွေးဧည့်ခံဖို့ အခန်း တစ်ခန်း၊ ဧည့်သည်များ နားနေနိုင်ဖို့ အခန်းများ၊ လွှတ်တော်စာကြည့်တိုက်၊ သတင်းမီဒီယာများအတွက် မီဒီယာ အခန်းတစ်ခန်း၊ လွှတ်တော်ကိုယ်စားလှယ် တည်းခိုဆောင်နဲ့ ဝန်ထမ်းအိမ်ရာများ ပါဝင်ပါတယ်။
 
Photo – Zaw Moe(Facebook)
 
#PeopleMedia #ဧရာဝတီတိုင်းလွှတ်တော် #ဒေါက်တာမျိုးညွှန့်
 
(unicode)
………………………………………………….
 
 
 
 
 
 
 
Photo – Zaw Moe(Facebook)
 

Share this post