• Follow Us on

Home ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၌ ပညာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်ရေး လူမှုကွန်ရက်၌ ရေးသားခဲ့သည့် အမျိုးသားတစ်ဦး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၌ ပညာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်ရေး လူမှုကွန်ရက်၌ ရေးသားခဲ့သည့် အမျိုးသားတစ်ဦး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံရ

Share this post

ပုသိမ်၊ နိုဝင်ဘာ ၃ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကညင်ငူရွာသစ်ကျေးရွာနေ ကိုမင်းနိုင်သည် ပညာရေးဝန်ထမ်း များအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်ရေး လူမှုကွန်ရက်၌ ရေးသားခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခြင်းခံထားရပါတယ်။

 

ကညင်ငူကျေးရွာနေ ကိုမင်းနိုင်သည် ၎င်းအသုံးပြုသည့် Facebook အကောင့်၌ ပညာရေးဝန်ထမ်းများ အပါ အဝင် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်ရေးလှုံ့ဆော်မှုများ ရေးသားသည်ဟုဆို၍ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

 

ကိုမင်းနိုင်သည် နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေရန် ကြံရွယ်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်သည့် ပြစ်မှုများကို နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများ ကျူးလွန်လာ အောင်လှုံ့ဆော်ခြင်းများ၊ ကျူးလွန်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ၅၀၅-က ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ အတည်ပြုချက်အရ သိရပါတယ်။

 

အလားတူ ပြီးခဲ့သည့်ကာလက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများသည် ဖမ်းဆီးခြင်းခံခဲ့ပြီးနောက် ပြန် လည်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ပါတယ်။

 

Photo – credit

 

#PeopleMedia #မြန်အောင်မြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 

Photo – credit

 

 



Share this post