• Follow Us on

Home ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီမှ ICJ တွင် ရင်ဆိုင်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း Poster Campaign ပြုလုပ်

ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီမှ ICJ တွင် ရင်ဆိုင်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံကြောင်း Poster Campaign ပြုလုပ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကနဦး ကန့်ကွက်လွှာတင်သွင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံသည့် Poster Campaign အား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်တွင်   ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ တက်ရောက်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင်  မြန်မာနိုင်ငံကိုယ်စားပြု ရင်ဆိုင်လျှောက်လဲနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချက်များ ပါရှိသည့် ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသည့် စွဲဆိုချက်ကို နယ်သာလန်နိုင်ငံ ဒီဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံမှ ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းနေမှုကို နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ထောက်ခံကြောင်း ကြေညာချက်များလည်း ထုတ်ပြန်လျက်ရှိသည်။

 

#PeopleMedia

 

(unicode)


………………………………………………….

 


 


 


 


 

#PeopleMedia


Share this post