• Follow Us on

Home ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ Silent Strike ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းများတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်သူများကို အရေးယူရန် တိုင်း အစိုးရ စီစဉ်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ Silent Strike ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းများတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်သူများကို အရေးယူရန် တိုင်း အစိုးရ စီစဉ်နေ

Share this post

ပုသိမ်၊ ဇန်နဝါရီ ၂၆ (People Media)

 

ပြည်သူများအနေဖြင့် CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် ထောက်ခံသည့်အနေဖြင့် Silent Strike (အသံတိတ်သပိတ်) ပြု လုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းများတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်လျှင် ပြုလုပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးအဖွဲ့နှင့် နီးစပ် သူများက ပြောသည်။

 

အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြည်သူများအနေဖြင့် CRPH၊ NUG တို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများ အပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ ဆော်ဝါဒဖြန့်မှုများကို တဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီးရှိ ဆိုင်ပိုင်ရှင်အချို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့၌ Silent Strike ကို ကြိုဆို သောအားဖြင့် ဆိုင်၏ ဝန်ဆောင်မှုများကို တစ်ရက် ရပ်နားမည်ဖြစ်ကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့ခြင်း ကြောင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ တပ်မတော်သည် နိုင်ငံတော်တာဝန်ကို ယာယီ ထမ်း ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ၁ ရက်နေ့သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီထမ်းဆောင်ခြင်း တစ်နှစ် ပြည့်မြောက်သောနေ့လည်း ဖြစ်သည်။

 

#PeopleMedia #ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post