• Follow Us on

Home ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း (၃)ရက်ကြာ၌ ပြန်လည် တွေ့ရှိ


Share this post

ရန်ကုန်၊ သြဂုတ် – ၁၃


ဖြစ်စဉ်မှာ အသက်(၃၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် သြဂုတ်(၁၁)ရက်၊ မွန်းလွဲ(၂)နာရီအချိန်ခန့်၌ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်အခြမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချခဲ့ပါတယ်။





(unicode)
ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ ခုန်ချသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း (၃)ရက်ကြာ၌ ပြန်လည် တွေ့ရှိ
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)ပေါ်မှာ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း (၃)ရက်အကြာ၌ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ အသက်(၃၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ဩဂုတ်(၁၁)ရက်၊ မွန်းလွဲ(၂)နာရီအချိန်ခန့်၌ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်အခြမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချခဲ့ပါတယ်။

ဖြစ်စဉ်အပေါ် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊ သုခကာရီလူမှု ကူညီရေးအသင်းတို့က ပူးပေါင်းပြီး ရှာဖွေခဲ့သော်လည်း တွေ့ရှိမှုမရှိဘဲ ယနေ့နံနက်(၆း၃၀)အချိန်၌ စစ်ကိုင်း ဧမြဝတီဆိပ်အနီး၌ အလောင်းတွေ့ရှိခဲ့ပါတယ်။

လက်ရှိအချိန်၌ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အဆိုပါ အလောင်းကို စစ်ကိုင်းမြို့ ခုတင် ၂၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

Photo – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)

#PeopleMedia #စစ်ကိုင်း #ရတနာပုံတံတား


Share this post