• Follow Us on

Home ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ စက္ေလွေဖာင္မ်ားျဖင့္ တရားမဝင္ ေ႐ႊတူးေဖာ္ေနသူမ်ားကို လက္ရဖမ္းဆီးနိုင္ခဲ့

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ စက္ေလွေဖာင္မ်ားျဖင့္ တရားမဝင္ ေ႐ႊတူးေဖာ္ေနသူမ်ားကို လက္ရဖမ္းဆီးနိုင္ခဲ့

Share this post

ျမစ္ႀကီးနား၊ ဩဂုတ္ ၁၆

ျမစ္ႀကီးနားၿမိဳ႕နယ္ တာေလာႀကီးေဒသတြင္ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ စက္ေလွေဖာင္မ်ားျဖင့္ တရားမဝင္ ေ႐ႊတူးေဖာ္ေန​သူမ်ားကို ယမန္ေန႕က ဖမ္းဆီးနိုင္ခဲ့ေၾကာင္း သိရသည္။

တာေလာႀကီးေဒသ ဧရာဝတီျမစ္ေၾကာင္း တေလွ်ာက္ ေခါင္ဖူး႐ြာေဟာင္း အင္းအတြင္း တရားမဝင္ ေ႐ႊတူးေဖာ္ေနေၾကာင္း သတင္းအရ ဩဂုတ္ ၁၅ ရက္ မြန္းလြဲ ၃နာရီခြဲအခ်ိန္က ျမစ္ႀကီးနားခရိုင္ရဲမႉး ဒုရဲမႉးႀကီး စိုးျမင့္ေအာင္ ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ျမစ္ႀကီးနားခရိုင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးဦးစီးဌာနမွ လက္ေထာက္ၫႊန္မႉး ဦးေ႐ႊျပည္ၿဖိဳးႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူတို႔ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ စက္ေလွမ်ားျဖင့္ သြားေရာက္ဖမ္းဆီးခဲ့ရာ တရားမဝင္ေ႐ႊတူးေဖာ္ လုပ္ကိုင္ေနသည့္ စက္ေလွ ၄ စီးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ လူ ၃ ဦး တို႔ကို လက္ရ ဖမ္းဆီးနိုင္ခဲ့ေသာ္လည္း က်န္သူအခ်ိဳ႕မွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ဖမ္းဆီးရမိခဲ့သည့္ စက္ေလွ (၄)စီးႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ တရားမဝင္ေ႐ႊတူးေဖာ္ လုပ္ကိုင္ေနသူ ဦးေက်ာ္ေဝ(၃၆)ႏွစ္၊ ေဝစိုးေအာင္(၁၉)ႏွစ္၊ နိုင္ဝင္း(၄၀)ႏွစ္တို႔ အား ဥပေဒအရ အေရးယူနိုင္ေရး စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

လူေမာ္

#PeopleMedia #တာေလာႀကီး

[Unicode]
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်နေသူများကို လက်ရဖမ်းဆီးနိုင်ခဲ့
………………………………………………………………..

မြစ်ကြီးနား၊ ဩဂုတ် ၁၆

မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသတွင်ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်နေ​သူများကို ယမန်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တာလောကြီးဒေသ ဧရာဝတီမြစ်ကြောင်း တလျှောက် ခေါင်ဖူးရွာဟောင်း အင်းအတွင်း တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ ဩဂုတ် ၁၅ ရက် မွန်းလွဲ ၃နာရီခွဲအချိန်က မြစ်ကြီးနားခရိုင်ရဲမှူး ဒုရဲမှူးကြီး စိုးမြင့်အောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးရွှေပြည်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စက်လှေများဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်ရွှေတူးဖော် လုပ်ကိုင်နေသည့် စက်လှေ ၄ စီးနှင့် ဆက်စပ်ပစ္စည်းများ၊ လူ ၃ ဦး တို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန်သူအချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် စက်လှေ (၄)စီးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ရွှေတူးဖော် လုပ်ကိုင်နေသူ ဦးကျော်ဝေ(၃၆)နှစ်၊ ဝေစိုးအောင်(၁၉)နှစ်၊ နိုင်ဝင်း(၄၀)နှစ်တို့ အား ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လူမော်

#PeopleMedia #တာလောကြီး


Share this post