• Follow Us on

Home ဧရာ၀တီတိုင္းအတြင္းရွိ ကၽြန္းတစ္ကၽြန္းကို ေဒၚေအာင္ဆန္းစုၾကည္၏ ကုိယ္စားျပဳအမည္ေျပာင္းကာ ႐ုပ္တုထားရွိမည္ျဖစ္ေၾကာင္း တုိင္းလႊတ္ေတာ္အမတ္ေျပာဆုိ

ဧရာ၀တီတိုင္းအတြင္းရွိ ကၽြန္းတစ္ကၽြန္းကို ေဒၚေအာင္ဆန္းစုၾကည္၏ ကုိယ္စားျပဳအမည္ေျပာင္းကာ ႐ုပ္တုထားရွိမည္ျဖစ္ေၾကာင္း တုိင္းလႊတ္ေတာ္အမတ္ေျပာဆုိ

Share this post

ရန္ကုန္၊ ေဖေဖၚဝါရီ – ၁၉

ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေရႊေသာင္ယံၿမိဳ႕နယ္ ခြဲဂ်ိတ္လတ္စံျပေက်းရြာအနီးရွိ ကၽြန္းတစ္ကၽြန္းတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ကိုယ္စားျပဳမည့္အမည္ေျပာင္းလဲကာ ႐ုပ္တုလည္း ထားရွိသြားမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။

အဆိုပါကၽြန္းအမည္မွာ မူလက ပန္းတေမာ့အမည္ရၿပီး လက္ရွိတြင္ အမည္ေျပာင္းေရးစာတင္ထားေၾကာင္း ပုသိမ္ၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုး၀င္းက People Media သို႔ေျပာသည္။

“အဲဒီနားမွာ ကၽြန္းတစ္ကၽြန္းရွိတယ္။ ပန္းတေမာ့ကၽြန္းဆိုတာေလ အဲ့ဒီကၽြန္းကို ကၽြန္းနာမည္လည္း ေျပာင္းခ်င္ တယ္။ Lady’s Island ဆိုၿပီးေတာ့။ ေနာက္ၿပီး အဲဒီကၽြန္းမွာ ႐ုပ္တုထားဖို႔ ဆာေဗးလုပ္တုန္းရွိေသးတယ္။ အေမ့ ႐ုပ္တုထားဖို႔ေလ။ နာမည္ေျပာင္းဖို႔တင္ထားတယ္”ဟု ေဒါက္တာစိုး၀င္းကေျပာသည္။

အဆိုပါကၽြန္းကို ႏိုင္ငံေတာ္အတိုင္ပင္ခံကိ္ုယ္စားျပဳကၽြန္းအျဖစ္ အမည္ေျပာင္းရန္ ျပဳလုပ္ရျခင္းမွာ အနီးအနားရွိ ေက်းရြာမ်ားကို မုန္တိုင္းဒဏ္ကာကြယ္ျခင္းေၾကာင့္ဟုလည္း ၎ကဆက္လက္ေျပာၾကားသည္။

“အဲဒီကၽြန္းရဲ႕အေရွ႕ဘက္မွာရွိတဲ့ ရြာေတာ္ေတာ္မ်ားမ်ားကို မုန္တိုင္းဒဏ္ကေန ကာကြယ္ထားတယ္။ ကၽြန္းရဲ႕ အေနအထားတည္ေနရာက အကာအကြယ္ေပးထားတဲ့အေနအထားရွိတာေၾကာင့္ အေမ့ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဲဒီလိုလုပ္တာ”ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာစိုး၀င္းကေျပာသည္။

အဆိုပါကၽြန္းကို အမည္ေျပာင္းၿပီး ႐ုပ္တုထားရွိရန္ လုပ္ေဆာင္ေနျခင္းမွာ တစ္ႏွစ္ေက်ာ္ၾကာၿပီျဖစ္ၿပီး ခြင့္ျပဳမိန္႔ မရရွိေသးဘဲ စာတင္ထားဆဲျဖစ္ေၾကာင္းႏွင့္ ခြင့္ျပဳမိန္႔မရရွိေသးျခင္းမွာ သက္ဆိင္ဌာနမ်ားမွ ႐ုံးလုပ္ငန္းလုပ္ထံုး လုပ္နည္းအတိုင္း အဆင့္ဆင့္လုပ္ေဆာင္ေနျခင္းေၾကာင့္ျဖစ္မည္ဟုယူဆေၾကာင္း၊ ယခုလိုလုပ္ေဆာင္ျခင္း သည္ ႏိုင္ငံေတာ္အတြက္ အထိမ္းအမွတ္တစ္ခုျဖစ္ေၾကာင္းလည္း ေဒါက္တာစိုး၀င္းက ဆက္လက္ေျပာၾကား သြားခဲ့သည္။

Photo – Credit

#PeopleMedia

(Unicode)
ဧရာဝတီတိုင်းအတွင်းရှိ ကျွန်းတစ်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုအမည်ပြောင်းကာ ရုပ်တုထားရှိမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ်ပြောဆို
………………………………………………………

ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ် ခွဲဂျိတ်လတ်စံပြကျေးရွာအနီးရှိ ကျွန်းတစ်ကျွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုမည့်အမည်ပြောင်းလဲကာ ရုပ်တုလည်း ထားရှိသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါကျွန်းအမည်မှာ မူလက ပန်းတမော့အမည်ရပြီး လက်ရှိတွင် အမည်ပြောင်းရေးစာတင်ထားကြောင်း ပုသိမ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက People Media သို့ပြောသည်။

“အဲဒီနားမှာ ကျွန်းတစ်ကျွန်းရှိတယ်။ ပန်းတမော့ကျွန်းဆိုတာလေ အဲ့ဒီကျွန်းကို ကျွန်းနာမည်လည်း ပြောင်းချင် တယ်။ Lady’s Island ဆိုပြီးတော့။ နောက်ပြီး အဲဒီကျွန်းမှာ ရုပ်တုထားဖို့ ဆာဗေးလုပ်တုန်းရှိသေးတယ်။ အမေ့ ရုပ်တုထားဖို့လေ။ နာမည်ပြောင်းဖို့တင်ထားတယ်”ဟု ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို နိုင်ငံတော်အတိုင်ပင်ခံကိ်ုယ်စားပြုကျွန်းအဖြစ် အမည်ပြောင်းရန် ပြုလုပ်ရခြင်းမှာ အနီးအနားရှိ ကျေးရွာများကို မုန်တိုင်းဒဏ်ကာကွယ်ခြင်းကြောင့်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

“အဲဒီကျွန်းရဲ့အရှေ့ဘက်မှာရှိတဲ့ ရွာတော်တော်များများကို မုန်တိုင်းဒဏ်ကနေ ကာကွယ်ထားတယ်။ ကျွန်းရဲ့ အနေအထားတည်နေရာက အကာအကွယ်ပေးထားတဲ့အနေအထားရှိတာကြောင့် အမေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုလုပ်တာ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးဝင်းကပြောသည်။

အဆိုပါကျွန်းကို အမည်ပြောင်းပြီး ရုပ်တုထားရှိရန် လုပ်ဆောင်နေခြင်းမှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ခွင့်ပြုမိန့် မရရှိသေးဘဲ စာတင်ထားဆဲဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်မရရှိသေးခြင်းမှာ သက်ဆိင်ဌာနများမှ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ဆောင်နေခြင်းကြောင့်ဖြစ်မည်ဟုယူဆကြောင်း၊ ယခုလိုလုပ်ဆောင်ခြင်း သည် နိုင်ငံတော်အတွက် အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာစိုးဝင်းက ဆက်လက်ပြောကြား သွားခဲ့သည်။

Photo – Credit

#PeopleMedia


Share this post