• Follow Us on

Home ဧပြီ (၁) ရက်မှစပြီး စစ်ဆေးဆောင်ရွက်မည့် နိုင်ငံသားကတ်စစ်ဆေးမည့်လုပ်ငန်းသည် နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လဝက ဝန်ကြီးဦးခင်ရီ ပြောကြား

ဧပြီ (၁) ရက်မှစပြီး စစ်ဆေးဆောင်ရွက်မည့် နိုင်ငံသားကတ်စစ်ဆေးမည့်လုပ်ငန်းသည် နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လဝက ဝန်ကြီးဦးခင်ရီ ပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၁

 

ဧပြီ (၁) ရက်မှစပြီး စစ်ဆေးဆောင်ရွက်မည့် နိုင်ငံသားကတ် စစ်ဆေးမည့်လုပ်ငန်းသည် နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ပန်း ခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း နေပြည်တော်ရှိ ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယခုအခါ နိုင်ငံတော်အစိုးရက ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲ စာရင်းပြုစုရေးလုပ်ငန်းများ ပိုမိုမှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေသည့် ဌာန(၃)ခုအပြင် နည်းပညာဆိုင်ရာအကူအညီနှင့် လုပ်ချင်ကိုင်ချင်စိတ်ရှိသည့် လုပ်အားပေးကူညီဆောင်ရွက်ပေးမည့်သူများဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)တို့အား နည်းပညာအကူ အညီဖြင့် စာရင်းပြုစုဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်ကိရိယာပစ္စည်းများနှင့် လူအင်အားတို့ကို ကြို တင်တွက်ချက်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်းများနှင့် ချိတ်ဆက်ကာ မြို့နယ်အလိုက်စာရင်းများ ဖြည့်သွင်းရယူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မဲစာရင်းမှန် ကန်စွာ ပြုစုရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ မိမိဌာန အပါအဝင် ဆက်စပ်ဌာနအဖွဲ့အစည်းများက တက်ကြွစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောသည်။

 

“ဧပြီ (၁) ရက်မှစပြီး စစ်ဆေးဆောင်ရွက်မယ့် မိဘပြည်သူတွေကို အသိပေးကြေညာထားတဲ့ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမယ့် လုပ်ငန်းစဉ်ဟာလည်း စနစ်တကျဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလုပ်ငန်း စဉ်ရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံသားအားလုံး နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ဖို့နဲ့ မရှိသေးသူတွေ မဖြစ်မနေဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ရှိပြီးသူတွေအနေနဲ့ ပျောက်ဆုံး/ ပျက်စီးရင်လည်း ပြန်လည် လျှောက်ထား ရယူကြဖို့ ဖြစ်ပါတယ်။ နိုင်ငံသားကတ်ရဲ့ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျကိုင် ဆောင်ကြဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

သတ်မှတ်နေရာများ၌ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးသည့် အခါတွင်လည်း လုပ်နည်းလုပ်ဟန် မှန် ကန်စေရေးအတွက် အလေးဂရုပြု ဆောင်ရွက်ကြရန်နှင့် ယခုလုပ်ငန်းစဉ်အပေါ် အများပြည်သူသိရှိ နား လည်ကာ ရရှိပြီးသည့် ကတ်ပြားအပေါ် အလေးထားကိုင်ဆောင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်နှင့် ဆက်စပ်ကာ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေး အတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်းပေါင်းစပ်ကာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က သုံးသပ်ကြံဆဆောင်ရွက်ကြရန်လိုကြောင်းနှင့် လုပ်ငန်းလိုအပ် ချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

 

(unicode)


……………………………………

 


 


 


 


 


 



Share this post