• Follow Us on

Home ေကအိုင္ေအမွ ဖမ္းဆီးသြားသည့္ အရပ္သားသုံးဦး ျပန္လည္လြတ္ေျမာက္လာ

ေကအိုင္ေအမွ ဖမ္းဆီးသြားသည့္ အရပ္သားသုံးဦး ျပန္လည္လြတ္ေျမာက္လာ

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၂၃
 
စက္တင္ဘာလ ၁၈ ရက္ေန႔က ေကအိုင္ေအ လက္နက္ကိုင္တပ္ရင္း ၅ အဖြဲ႕မွ ဖမ္းေခၚသြားသည့္ ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္ေက်ာက္ႀကီး ေက်းရြာေန ေဒသခံ အရပ္သား သုံးဦးအား ယမန္ေန႔က ျပန္လည္ လႊတ္ေျမာက္လာခဲ့သည္ဟု ျမန္မာျပည္ေျမာက္ပိုင္း-သၽွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ (S.E.A) မွ သိရသည္။
 
ရြာသားေတြကို ေကအိုင္ေအမွ စစ္သားစုေဆာင္းေရးထဲ ေခၚယူျခင္းျဖစ္ၿပီး စစ္သင္တန္းေပးေနသည္ဟု ျမန္မာျပည္ေျမာက္ပိုင္း-သၽွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ ( S.E.A )မွ ဒုတိယဥကၠဌ ဦးခင္ေမာင္ေအးက ေျပာသည္။
 
“တျခား ထိခိုက္ဒဏ္ရာရတာေတြေတာ့မရွိၾကဘူး အကုန္က်န္းက်န္းမာမာပါပဲ။ ရြာသားေတြကို သင္တန္း ေပးလိုက္တယ္လို႔ေတာ့ေျပာတယ္။ ေကအိုင္ေအကလူသစ္ဆြဲတဲ့သေဘာေပါ့။ အရင္တုန္းက သူတို႔လုပ္တာ ရွိတယ္။ စစ္သားစုေဆာင္းေရးထဲေခၚၿပီး သူတို႔စစ္သားအင္အားဘယ္ေလာက္ရွိလဲဆိုတာျပတာ အခုလည္း အဲ့လိုထည့္လိုက္တဲ့သေဘာျဖစ္မယ္”ဟု ၎ကဆိုသည္။
 
စက္တင္ဘာလ ၁၈ ရက္ေန႔တြင္ ေကအိုင္ေအလက္နက္ကိုင္ တပ္ရင္း ၅ အဖြဲ႕မွ ေရြကူၿမိဳ႕နယ္ ေက်ာက္ႀကီး ေက်းရြာအုပ္စုေန ေဒသခံတိုင္းရင္းသားမ်ားျဖစ္သည့္ ေမာင္ေက်ာ္ခိုင္ဦး အသက္(၃၁)ႏွစ္၊ ေမာင္ထြန္းရဲမိုး အသက္( ၁၆)ႏွစ္ႏွင့္ ေမာင္နိုင္လင္း အသက္ (၂၆) ႏွစ္တို႔ကို ၁၂ မိုင္ေရႊေမွာ္တြင္ က်င္းသားအျဖစ္ လုပ္ကိုင္ ေနစဥ္အဓမၼဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္။
 
“ဒီတစ္ခါေတာ့ သူတို႔ျပန္လႊတ္ေပးမယ္ဆိုတဲ့ရက္အတိုင္း ျပန္လႊတ္ေပးတယ္။ ေန႔လယ္ ၁၂ နာရီေလာက္ မင္းလွ ယပင္းကြင္းကို ဟိုဘက္ကလိုက္ပို႔ေပးတာ ေက်ာက္ႀကီးကိုေတာ့ ညေနေျခာက္နာရီက ျပန္ေရာက္လာ တယ္ ဘာထိခိုက္ဒဏ္ရာမွမရွိဘဲ အကုန္က်န္းက်န္းမာမာနဲ႔ ျပန္ေရာက္လာတာပဲဝမ္းသာေနပါၿပီ” ဟု ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရသည့္ ေမာင္နိုင္လင္း၏ ဖခင္ျဖစ္သူ ဦးလွေသာင္းက ေျပာသည္။
 
ေကအိုင္ေအလက္နက္ကိုင္အဖြဲ႕မွ တပ္သားသစ္အျဖစ္ အဓမၼစုေဆာင္းျခင္းခံရသည့္ ကေလးအေရအတြက္မွာ ၂၀၁၁ခုႏွစ္က စတင္ၿပီး ယခု ၂၀၂၀ ေအာက္တိုဘာလအထိ ကေလးအေရအတြက္ ၈၂ ေယာက္ရွိၿပီဟု INGO၊ NGO မ်ားႏွင့္ CSO အရပ္ဖက္အဖြဲ႕အစည္းမ်ား၏ မွတ္တမ္းမ်ားအရသိရသည္။
 
၂၀၁၁ မွစတင္ၿပီး ၂၀၁၄အထိ ကေလးစစ္သားအျဖစ္ ဖမ္းယူခံရမႈအမ်ားဆုံးျဖစ္ၿပီး အစိုးရအုပ္ခ်ဳပ္မႈေလၽွာ့နည္း သည့္ ဗန္းေမာ္ခရိုင္တြင္းရွိ မန္စီ၊ မိုးေမာက္၊ မန္ဝိန္းဘက္မ်ားက ဖမ္းဆီးခံရမႈအမ်ားဆုံးျဖစ္သည္ဟုသိရသည္။
 
ေက်ာ္ေက်ာ္
 
#PeopleMedia #ျမစ္ႀကီးနား #KIA
 
(unicode)
ကေအိုင်အေမှ ဖမ်းဆီးသွားသည့် အရပ်သားသုံးဦး ပြန်လည်လွတ်မြောက်လာ
…………………………………………………
 
မြစ်ကြီးနား၊ အောက်တိုဘာ ၂၃
 
စက်တင်ဘာလ ၁၈ ရက်နေ့က ကေအိုင်အေ လက်နက်ကိုင်တပ်ရင်း ၅ အဖွဲ့မှ ဖမ်းခေါ်သွားသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်ကျောက်ကြီး ကျေးရွာနေ ဒေသခံ အရပ်သား သုံးဦးအား ယမန်နေ့က ပြန်လည် လွှတ်မြောက်လာခဲ့သည်ဟု မြန်မာပြည်မြောက်ပိုင်း-သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) မှ သိရသည်။
 
ရွာသားတွေကို ကေအိုင်အေမှ စစ်သားစုဆောင်းရေးထဲ ခေါ်ယူခြင်းဖြစ်ပြီး စစ်သင်တန်းပေးနေသည်ဟု မြန်မာပြည်မြောက်ပိုင်း-သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ( S.E.A )မှ ဒုတိယဥက္ကဌ ဦးခင်မောင်အေးက ပြောသည်။
 
“တခြား ထိခိုက်ဒဏ်ရာရတာတွေတော့မရှိကြဘူး အကုန်ကျန်းကျန်းမာမာပါပဲ။ ရွာသားတွေကို သင်တန်း ပေးလိုက်တယ်လို့တော့ပြောတယ်။ ကေအိုင်အေကလူသစ်ဆွဲတဲ့သဘောပေါ့။ အရင်တုန်းက သူတို့လုပ်တာ ရှိတယ်။ စစ်သားစုဆောင်းရေးထဲခေါ်ပြီး သူတို့စစ်သားအင်အားဘယ်လောက်ရှိလဲဆိုတာပြတာ အခုလည်း အဲ့လိုထည့်လိုက်တဲ့သဘောဖြစ်မယ်”ဟု ၎င်းကဆိုသည်။
 
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကေအိုင်အေလက်နက်ကိုင် တပ်ရင်း ၅ အဖွဲ့မှ ရွေကူမြို့နယ် ကျောက်ကြီး ကျေးရွာအုပ်စုနေ ဒေသခံတိုင်းရင်းသားများဖြစ်သည့် မောင်ကျော်ခိုင်ဦး အသက်(၃၁)နှစ်၊ မောင်ထွန်းရဲမိုး အသက်( ၁၆)နှစ်နှင့် မောင်နိုင်လင်း အသက် (၂၆) နှစ်တို့ကို ၁၂ မိုင်ရွှေမှော်တွင် ကျင်းသားအဖြစ် လုပ်ကိုင် နေစဉ်အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
 
“ဒီတစ်ခါတော့ သူတို့ပြန်လွှတ်ပေးမယ်ဆိုတဲ့ရက်အတိုင်း ပြန်လွှတ်ပေးတယ်။ နေ့လယ် ၁၂ နာရီလောက် မင်းလှ ယပင်းကွင်းကို ဟိုဘက်ကလိုက်ပို့ပေးတာ ကျောက်ကြီးကိုတော့ ညနေခြောက်နာရီက ပြန်ရောက်လာ တယ် ဘာထိခိုက်ဒဏ်ရာမှမရှိဘဲ အကုန်ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာတာပဲဝမ်းသာနေပါပြီ” ဟု ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် မောင်နိုင်လင်း၏ ဖခင်ဖြစ်သူ ဦးလှသောင်းက ပြောသည်။
 
ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်းခံရသည့် ကလေးအရေအတွက်မှာ ၂၀၁၁ခုနှစ်က စတင်ပြီး ယခု ၂၀၂၀ အောက်တိုဘာလအထိ ကလေးအရေအတွက် ၈၂ ယောက်ရှိပြီဟု INGO၊ NGO များနှင့် CSO အရပ်ဖက်အဖွဲ့အစည်းများ၏ မှတ်တမ်းများအရသိရသည်။
 
၂၀၁၁ မှစတင်ပြီး ၂၀၁၄အထိ ကလေးစစ်သားအဖြစ် ဖမ်းယူခံရမှုအများဆုံးဖြစ်ပြီး အစိုးရအုပ်ချုပ်မှုလျှော့နည်း သည့် ဗန်းမော်ခရိုင်တွင်းရှိ မန်စီ၊ မိုးမောက်၊ မန်ဝိန်းဘက်များက ဖမ်းဆီးခံရမှုအများဆုံးဖြစ်သည်ဟုသိရသည်။
 
ကျော်ကျော်
 
#PeopleMedia #မြစ်ကြီးနား #KIA

Share this post