• Follow Us on

Home ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားသည့္ အသက္မျပည့္ေသးသည့္ မိန္းကေလး ျပန္လႊတ္လာ

ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားသည့္ အသက္မျပည့္ေသးသည့္ မိန္းကေလး ျပန္လႊတ္လာ

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဒီဇင္ဘာလ ၈ ရက္ေန႔က ေကအိုင္ေအမွ ဖမ္းဆီး ေခၚေဆာင္သြားသည့္ ဗန္းေမာ္ၿမိဳ႕နယ္ ဧရာ၀တီျမစ္အေနာက္ဘက္ကမ္းရွိ ျမေစတီေက်းရြာေန အသက္မျပည့္ေသးသည့္ (၁၄) ႏွစ္အရြယ္ မိန္းကေလး ျပန္လည္ လႊတ္ေျမာက္လာေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္း သၽွမ္းမ်ိဳးႏြယ္စု ေရးရာအဖြဲ႕ထံမွ သိရသည္။

ဖမ္းဆီးခံရသူ၏ မိသားစု၀င္မ်ားမွ ျမန္မာျပည္ေျမာက္ပိုင္း သၽွမ္းမ်ိဳးႏြယ္စုေရးရာ အဖြဲ႕တြင္ လာေရာက္အကူအညီ ေတာင္းခံတာေၾကာင့္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ ယူနီဆက္အပါအ၀င္ ကုလသမဂၢ အဖြဲ႕မ်ားထံ စာမ်ားတင္ျပခဲ့သည့္ အတြက္ ယခုကဲ့သိုလႊတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္း သၽွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕မွ ဦးခင္ေမာင္ေအးက ဆိုသည္။

“ဟိုမွာက အစိုးရအုပ္ခ်ဳပ္ေရးအလွမ္းေဝးေတာ့ သူတို႔က အျမဲ၀င္ထြက္ သြားလာေနတာ အခုကလဲ လယ္ရိတ္သိမ္းေနတုန္း ဖမ္းေခၚသြားတာ စစ္သမီး လုပ္ခိုင္းတာတို႔၊ ထမင္းခ်က္ခိုင္းတာေတြ လုပ္ခိုင္းမလို႔ေနမွာ။ ကေလးကလဲ အသက္မျပည့္ေသးေတာ့ ဒီဘက္ကလဲ UN အဖြဲ႕ေတြ ကုလသဂၢအဖြဲ႕ေတြကို တင္ျပတယ္” အဲ့တာေၾကာင့္ ဒီေန႔ ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ ျပန္လႊတ္ေပးခဲ့တာ” ဟု ၎က ဆ္ိုသည္။

အဆိုပါ မိန္းကေလးကို ျမေစတီ ေက်းရြာႏွင့္ ၇မိုင္အကြာတြင္ ရွိေနသည့္ လယ္ကြက္တြင္ လယ္ရိတ္သိမ္းေနစဥ္ ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္ၿပီး ေခၚေဆာင္သြားသည့္ အခ်ိန္မွာ ည ၁၀ နာရီခန္႔ျဖစ္သည္ဟု သိရသည္။

ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားသည့္ မိန္းကေလးမွာ အသက္ ၁၄ ႏွစ္အရြယ္ျဖစ္ၿပီး ၉ တန္း တက္ေနသူ တစ္ေယာက္ျဖစ္သည္။ ကိုဗစ္ေရာဂါအေျခအေနေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားတာေၾကာင့္ လယ္ရိတ္သိမ္းရာတြင္ ကူညီသည့္ အခ်ိန္တြင္ ယခုလို ဖမ္းဆီး ေခၚေဆာင္ျခင္း ခံရတာျဖစ္တယ္ဟု ဖမ္းဆီးခံရသူ၏ ဦးေလးျဖစ္သူက ဆိုသည္။

“သူတို႔ ေျပာပုံအရေတာ့ ကေလးကို အသက္လဲ မျပည့္ေသးဘူးေပါ့ ၿပီးေတာ့လဲ ေက်ာင္းသူျဖစ္တယ္ ဆိုတဲ့အခ်က္နဲ႔ ျပန္ပို႔ေပးခဲ့တာ ေကအိုင္ေအက အလုပ္ေတြ ခိုင္းဖို႔ေခၚတာ စစ္ေမ လုပ္ခိုင္းဖို႔ ေခၚတာေပါ့။
ဟိုက ျပန္ပို႔ေပးေတာ့ မိဘေတြက ေတာ္ေတာ္ ေပ်ာ္ေနၾကတယ္။ သူ႔အေဖဆို ေျခေထာက္က်ိဳးထားတာ အေမျဖစ္သူက်ေတာ့ ကေလးငယ္နဲ႔ ေတာ္ေတာ္ ၾကပ္တည္းၾကတယ္”ဟု ၄င္း၏ ဦးေလးျဖစ္သူက ဆိုသည္။

၂၀၂၀ ခုႏွစ္အတြင္း ကခ်င္ျပည္နယ္အတြင္း ေကအိုင္ေအမွ အရပ္သားမ်ားအား ဖမ္းဆီးေခၚေဆာင္မႈ စုစုေပါင္း ၃၀ေက်ာ္ ျဖစ္ပြားခဲ့ၿပီး ဆင္ဘို၊ တာေလာႀကီး၊ ဗန္းေမာ္ဘက္မွ အရပ္သားမ်ားအား အမ်ားဆုံး ဖမ္းဆီးေၾကာင္း အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ စစ္တမ္းမ်ားအရ သိရသည္။

သက္ပိုင္

#PeopleMedia #KIA

(unicode)
ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်မပြည့်သေးသည့် မိန်းကလေး ပြန်လွှတ်လာ ………………………………………..
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) ဒီဇင်ဘာလ ၈ ရက်နေ့က ကေအိုင်အေမှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဗန်းမော်မြို့နယ် ဧရာ၀တီမြစ်အနောက်ဘက်ကမ်းရှိ မြစေတီကျေးရွာနေ အသက်မပြည့်သေးသည့် (၁၄) နှစ်အရွယ် မိန်းကလေး ပြန်လည် လွှတ်မြောက်လာကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ထံမှ သိရသည်။ ဖမ်းဆီးခံရသူ၏ မိသားစု၀င်များမှ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့တွင် လာရောက်အကူအညီ တောင်းခံတာကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ယူနီဆက်အပါအ၀င် ကုလသမဂ္ဂ အဖွဲ့များထံ စာများတင်ပြခဲ့သည့် အတွက် ယခုကဲ့သိုလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးခင်မောင်အေးက ဆိုသည်။ “ဟိုမှာက အစိုးရအုပ်ချုပ်ရေးအလှမ်းဝေးတော့ သူတို့က အမြဲ၀င်ထွက် သွားလာနေတာ အခုကလဲ လယ်ရိတ်သိမ်းနေတုန်း ဖမ်းခေါ်သွားတာ စစ်သမီး လုပ်ခိုင်းတာတို့၊ ထမင်းချက်ခိုင်းတာတွေ လုပ်ခိုင်းမလို့နေမှာ။ ကလေးကလဲ အသက်မပြည့်သေးတော့ ဒီဘက်ကလဲ UN အဖွဲ့တွေ ကုလသဂ္ဂအဖွဲ့တွေကို တင်ပြတယ်” အဲ့တာကြောင့် ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာ” ဟု ၎င်းက ဆ်ိုသည်။ အဆိုပါ မိန်းကလေးကို မြစေတီ ကျေးရွာနှင့် ၇မိုင်အကွာတွင် ရှိနေသည့် လယ်ကွက်တွင် လယ်ရိတ်သိမ်းနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ခေါ်ဆောင်သွားသည့် အချိန်မှာ ည ၁၀ နာရီခန့်ဖြစ်သည်ဟု သိရသည်။ ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မိန်းကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး ၉ တန်း တက်နေသူ တစ်ယောက်ဖြစ်သည်။ ကိုဗစ်ရောဂါအခြေအနေကြောင့် စာသင်ကျောင်းများ ပိတ်ထားတာကြောင့် လယ်ရိတ်သိမ်းရာတွင် ကူညီသည့် အချိန်တွင် ယခုလို ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရတာဖြစ်တယ်ဟု ဖမ်းဆီးခံရသူ၏ ဦးလေးဖြစ်သူက ဆိုသည်။ “သူတို့ ပြောပုံအရတော့ ကလေးကို အသက်လဲ မပြည့်သေးဘူးပေါ့ ပြီးတော့လဲ ကျောင်းသူဖြစ်တယ် ဆိုတဲ့အချက်နဲ့ ပြန်ပို့ပေးခဲ့တာ ကေအိုင်အေက အလုပ်တွေ ခိုင်းဖို့ခေါ်တာ စစ်မေ လုပ်ခိုင်းဖို့ ခေါ်တာပေါ့။ ဟိုက ပြန်ပို့ပေးတော့ မိဘတွေက တော်တော် ပျော်နေကြတယ်။ သူ့အဖေဆို ခြေထောက်ကျိုးထားတာ အမေဖြစ်သူကျတော့ ကလေးငယ်နဲ့ တော်တော် ကြပ်တည်းကြတယ်”ဟု ၄င်း၏ ဦးလေးဖြစ်သူက ဆိုသည်။ ၂၀၂၀ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း ကေအိုင်အေမှ အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်မှု စုစုပေါင်း ၃၀ကျော် ဖြစ်ပွားခဲ့ပြီး ဆင်ဘို၊ တာလောကြီး၊ ဗန်းမော်ဘက်မှ အရပ်သားများအား အများဆုံး ဖမ်းဆီးကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းများအရ သိရသည်။ သက်ပိုင်
#PeopleMedia #KIA


Share this post