• Follow Us on

Home ေကအိုင္ေအမွ ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ စီးပြားေရး လုပ္ငန္းရွင္မ်ားထံ ဆက္ေၾကးေကာက္

ေကအိုင္ေအမွ ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ စီးပြားေရး လုပ္ငန္းရွင္မ်ားထံ ဆက္ေၾကးေကာက္

Share this post

ဝိုင္းေမာ္၊ ဒီဇင္ဘာ ၁၁ (People Media)
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခရိုင္ ဝိုင္းေမာ္ၿမိဳ႕တြင္းရွိ ဆိုင္မ်ားတြင္ ေကအိုင္ေအမွ ဆက္ေၾကးလိုက္လံေကာက္ခံေနသည္ဟု ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက ေျပာဆိုသည္။
ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ၾကပ္တည္းေနခ်ိန္တြင္ ေကအိုင္ေအမွ အတင္းအဓမၼ ဆက္ေၾကးေကာက္ေနေသာေၾကာင့္ ဒုကၡေရာက္ေနရ​ေၾကာင္း ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ အ၀တ္အထည္ ဆိုင္ဖြင့္လွစ္ထားသူ လုပ္ငန္းရွင္ တစ္ဦးက ဆိုသည္။
“ကၽြန္ေတာ္တို႔ဆီမွာ အစိုး႐ုံးေတြလဲအမ်ားႀကီးရွိတယ္ ေနာက္ၿပီးကၽြန္ေတာ္တို႔က နိုင္ငံေတာ္ကိုလည္း အခြန္ေဆာင္ရေသးတယ္ ဒါကို ေကအိုင္ေအကိုပါ ဆက္ေၾကးေပးရမယ္ဆိုေတာ့ တကယ္အဆင္မေျပဘူး အခုက ကိုဗစ္ကလဲျဖစ္ေနေတာ့ စီးပြားေရးေတြက အဆင္မေျပဘူး ဒါကို ဆက္ေၾကးလာေကာက္တယ္။ဘယ္သူ႔ကို သြားတိုင္ရမလဲမသိေတာ့ဘူး”ဟု ဝိုင္းေမာ္ၿမိဳ႕ေန လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ေကအိုင္ေအ လက္နက္ကိုင္အဖြဲ႕အစည္းသည္ ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ လုပ္ငန္းရွင္မ်ားထံ ဆက္ေၾကးေကာက္ေနမႈမ်ားအား သက္ဆိုင္ရာမ်ားသို႔ တိုင္ၾကားထားေသာ္လည္း ယခု အခ်ိန္အထိ အေရးယူေဆာင္ရြက္ေပးသည္ကို မေတြ႕ရွိေသးေၾကာင္း အမည္မေဖာ္လိုသူ လုပ္ငန္းရွင္တစ္ဦးက ယခုကဲ့သို႔ ဆိုသည္။
“အရင္ကေတာ့ ကၽြန္ေတာ္တို႔လဲေၾကာက္ေတာ့ ေတာင္းရင္ေပးတာမ်ိဳးေတာ့ရွိခဲ့တယ္။ တစ္ခါေတာင္းရင္ ငါးသိန္းကစၿပီး ဆယ္ဂဏန္းေလာက္အထိေတာင္းတယ္။ ဒါေပမယ့္ ေနာက္က်ေတာ့ သူတို႔ဆက္ေၾကးေတာင္းတဲ့ စာရြက္မွာ ပါတဲ့ဖုန္းနံပါတ္ကို ဆက္သြယ္အေရးယူေပးဖို႔ သက္ဆိုင္ရာကို တိုင္ေတာ့လဲ အေၾကာင္း မထူးပါဘူးဗ်ာ။ ဆက္ေၾကးေပးဖို႔သာ ေကအိုင္ေအက စာရြက္ေတြ ခဏခဏပို႔တာ သက္ဆိုင္ရာ ဘက္က စုံစမ္းမႈေတြ လုပ္မေပးဘူး” ဟု ၎ကဆိုသည္။
အလားတူ ဝိုင္းေမာ္ၿမိဳ႕ေပၚရပ္ကြက္မွ လုပ္ငန္းရွင္တစ္ဦးကလည္း “ဆက္ေၾကးလာေကာက္တိုင္း ေပးေနရတာပဲ။ မေပးလို႔လဲမရဘူးေလ ေတာ္ၾကာေန ကိုယ့္ကိုလာၿပီး သတ္သြားရင္ ကိုယ့္မိသားစုေတြကိုလာသတ္သြားရင္ ဘယ္လိုလုပ္မလဲေၾကာက္တယ္” ဟု ေျပာသည္။
ေကအိုင္ေအ လက္နက္ကိုင္အဖြဲ႕အစည္းအေနႏွင့္ ဆက္ေၾကးေကာက္ခံရာတြင္ ပထမဆုံးအႀကိမ္ျဖင့္ စာပို႔အေၾကာင္းၾကားျခင္း ဖုန္းဆက္ၿပီး တစ္ေနရာသို႔ ခ်ိန္းဆိုျခင္းမ်ား ျပဳလုပ္ေၾကာင္း၊ ဆက္ေၾကးေကာက္ခံ ခံရသူမွ ခ်ိန္းဆိုသည့္ေနရာသို႔ သြားေရာက္ၿပီး ေငြေပးရေၾကာင္း၊ လုပ္ငန္းအမ်ိဳးအစားေပၚမႈတည္ၿပီး ေငြက်ပ္သုံးသိန္း၊ ငါးသိန္း မွ ဆယ္သိန္း သိန္းတစ္ရာအထိ ေပးေဆာင္ရေၾကာင္း သိရသည္။
ေကအိုင္ေအမွ ေငြေတာင္းခံလႊာ အမ်ားစုတြင္ “- မိမိကခ်င္လႊတ္ေျမာက္ေရး (KIO) အစိုးရသည္ ဆက္ေၾကးေကာက္ခံျခင္း မဟုတ္ပါ၊ ႏွစ္စဥ္ႏွစ္တိုင္း ေကာက္ခံေနေသာ အခြန္ေငြေကာက္ခံျခင္းသာ ျဖစ္ေၾကာင္း အသိေပးလိုက္ပါသည္။ – သတ္မွတ္ထားသည့္ ေန႔ရက္အတြင္း လာေရာက္ တိုင္ပင္ေဆြးေႏြးျခင္းမျပဳမရွိပါက ျဖစ္လာမည့္ ျပႆနာကိစၥ အ၀၀တြင္ လူႀကီးမင္းႏွင့္ သက္ဆိုင္မည္ ျဖစ္ေၾကာင္း ႀကိဳတင္အေၾကားၾကားလိုက္သည္။ ဆက္သြယ္ရန္ – ၀၉×××××။” စသျဖင့္ မွတ္ခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။
ေကအိုင္ေအက ဆက္ေၾကးေကာက္ခံသည့္ အဆိုပါ ျဖစ္ရပ္္မ်ားသည္ ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ ျမစ္ႀကီးနား အပါအဝင္ ျမစ္ႀကီးနား၊ မိုးညႇင္း၊ ဗန္းေမာ္ ခရိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ မၾကာခဏ ျဖစ္ေပၚေန​ေၾကာင္း လုပ္ငန္းရွင္မ်ားက ေျပာသည္။
သက္ပိုင္
#PeopleMedia #KIO #KIA #ဆက္ေၾကး #ဝိုင္းေမာ္ၿမိဳ႕
(unicode)
ကေအိုင်အေမှ ဝိုင်းမော်မြို့အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များထံ ဆက်ကြေးကောက်
………………………………
ဝိုင်းမော်၊ ဒီဇင်ဘာ ၁၁ (People Media)
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့တွင်းရှိ ဆိုင်များတွင် ကေအိုင်အေမှ ဆက်ကြေးလိုက်လံကောက်ခံနေသည်ဟု ဝိုင်းမော်မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ကြပ်တည်းနေချိန်တွင် ကေအိုင်အေမှ အတင်းအဓမ္မ ဆက်ကြေးကောက်နေသောကြောင့် ဒုက္ခရောက်နေရ​ကြောင်း ဝိုင်းမော်မြို့အတွင်းရှိ အ၀တ်အထည် ဆိုင်ဖွင့်လှစ်ထားသူ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ဆီမှာ အစိုးရုံးတွေလဲအများကြီးရှိတယ် နောက်ပြီးကျွန်တော်တို့က နိုင်ငံတော်ကိုလည်း အခွန်ဆောင်ရသေးတယ် ဒါကို ကေအိုင်အေကိုပါ ဆက်ကြေးပေးရမယ်ဆိုတော့ တကယ်အဆင်မပြေဘူး အခုက ကိုဗစ်ကလဲဖြစ်နေတော့ စီးပွားရေးတွေက အဆင်မပြေဘူး ဒါကို ဆက်ကြေးလာကောက်တယ်။ဘယ်သူ့ကို သွားတိုင်ရမလဲမသိတော့ဘူး”ဟု ဝိုင်းမော်မြို့နေ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းသည် ဝိုင်းမော်မြို့အတွင်းရှိ လုပ်ငန်းရှင်များထံ ဆက်ကြေးကောက်နေမှုများအား သက်ဆိုင်ရာများသို့ တိုင်ကြားထားသော်လည်း ယခု အချိန်အထိ အရေးယူဆောင်ရွက်ပေးသည်ကို မတွေ့ရှိသေးကြောင်း အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“အရင်ကတော့ ကျွန်တော်တို့လဲကြောက်တော့ တောင်းရင်ပေးတာမျိုးတော့ရှိခဲ့တယ်။ တစ်ခါတောင်းရင် ငါးသိန်းကစပြီး ဆယ်ဂဏန်းလောက်အထိတောင်းတယ်။ ဒါပေမယ့် နောက်ကျတော့ သူတို့ဆက်ကြေးတောင်းတဲ့ စာရွက်မှာ ပါတဲ့ဖုန်းနံပါတ်ကို ဆက်သွယ်အရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်တော့လဲ အကြောင်း မထူးပါဘူးဗျာ။ ဆက်ကြေးပေးဖို့သာ ကေအိုင်အေက စာရွက်တွေ ခဏခဏပို့တာ သက်ဆိုင်ရာ ဘက်က စုံစမ်းမှုတွေ လုပ်မပေးဘူး” ဟု ၎င်းကဆိုသည်။
အလားတူ ဝိုင်းမော်မြို့ပေါ်ရပ်ကွက်မှ လုပ်ငန်းရှင်တစ်ဦးကလည်း “ဆက်ကြေးလာကောက်တိုင်း ပေးနေရတာပဲ။ မပေးလို့လဲမရဘူးလေ တော်ကြာနေ ကိုယ့်ကိုလာပြီး သတ်သွားရင် ကိုယ့်မိသားစုတွေကိုလာသတ်သွားရင် ဘယ်လိုလုပ်မလဲကြောက်တယ်” ဟု ပြောသည်။
ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းအနေနှင့် ဆက်ကြေးကောက်ခံရာတွင် ပထမဆုံးအကြိမ်ဖြင့် စာပို့အကြောင်းကြားခြင်း ဖုန်းဆက်ပြီး တစ်နေရာသို့ ချိန်းဆိုခြင်းများ ပြုလုပ်ကြောင်း၊ ဆက်ကြေးကောက်ခံ ခံရသူမှ ချိန်းဆိုသည့်နေရာသို့ သွားရောက်ပြီး ငွေပေးရကြောင်း၊ လုပ်ငန်းအမျိုးအစားပေါ်မှုတည်ပြီး ငွေကျပ်သုံးသိန်း၊ ငါးသိန်း မှ ဆယ်သိန်း သိန်းတစ်ရာအထိ ပေးဆောင်ရကြောင်း သိရသည်။
ကေအိုင်အေမှ ငွေတောင်းခံလွှာ အများစုတွင် “- မိမိကချင်လွှတ်မြောက်ရေး (KIO) အစိုးရသည် ဆက်ကြေးကောက်ခံခြင်း မဟုတ်ပါ၊ နှစ်စဉ်နှစ်တိုင်း ကောက်ခံနေသော အခွန်ငွေကောက်ခံခြင်းသာ ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ – သတ်မှတ်ထားသည့် နေ့ရက်အတွင်း လာရောက် တိုင်ပင်ဆွေးနွေးခြင်းမပြုမရှိပါက ဖြစ်လာမည့် ပြဿနာကိစ္စ အ၀၀တွင် လူကြီးမင်းနှင့် သက်ဆိုင်မည် ဖြစ်ကြောင်း ကြိုတင်အကြေားကြားလိုက်သည်။ ဆက်သွယ်ရန် – ၀၉×××××။” စသဖြင့် မှတ်ချက်များ ပါဝင်ကြောင်း သိရသည်။
ကေအိုင်အေက ဆက်ကြေးကောက်ခံသည့် အဆိုပါ ဖြစ်ရပ််များသည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနား အပါအဝင် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် ခရိုင်အတွင်းရှိ မြို့နယ်များတွင် မကြာခဏ ဖြစ်ပေါ်နေ​ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
သက်ပိုင်
#PeopleMedia #KIO #KIA #ဆက်ကြေး #ဝိုင်းမော်မြို့


Share this post