• Follow Us on

Home ေကာင္းခါးျပည္သူ့စစ္ ေခါင္းေဆာင္အခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံထားရေၾကာင္း ေကာင္းခါးအဖြဲ႕ အတည္ျပဳ

ေကာင္းခါးျပည္သူ့စစ္ ေခါင္းေဆာင္အခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံထားရေၾကာင္း ေကာင္းခါးအဖြဲ႕ အတည္ျပဳ

Share this post

ရန္ကုန္၊ မတ္ – ၂၆

ရွမ္း(ေျမာက္)ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေဒသ၌ က်ပ္ဘိလီယံ ရာႏွင့္ခ်ီ၍ မူးယစ္ေဆးဝါး၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား က်ပ္ဘီလီယံ ရာခ်ီဖမ္းမိသည့္ကိစၥရပ္ႏွင့္ပတ္သက္ၿပီး ေကာင္းခါးျပည္သူ့စစ္ေခါင္းေဆာင္ အခ်ိဳ႕ကို လုံၿခဳံေရးအဖြဲ႕မ်ားက ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ေကာင္းခါးျပည္သူ့စစ္ အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“မူးယစ္ကိစၥနဲ႔ ပတ္သက္တယ္လို႔ ယူဆရတယ္။ ေခါင္းေဆာင္ပိုင္းအခ်ိဳ႕ကို ဖမ္းထားတာပါ”လို႔ ေကာင္းခါးျပည္ သူ႕စစ္ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

အဆိုပါျဖစ္စဥ္အေပၚ တပ္မေတာ္ေခါင္းေဆာင္တစ္ဦးက ေကာင္းခါးေဒသမူးယစ္ျဖစ္စဥ္ႏွင့္ပတ္သက္၍ သတင္းေပးရန္ ပ်က္ကြက္မႈစသည့္တို႔ႏွင့္ ေဆာင္ရြက္ရန္ရွိေၾကာင္းဆိုပါတယ္။

အလားတူ ေကာင္းခါးေဒသ၌ ဖမ္းမိသည့္ မူးယစ္ထုတ္လုပ္ပစၥည္းမ်ား မူးယစ္ေဆးဝါးႏွင့္ဆက္စပ္သည့္ ပစၥည္းမ်ားကို တပ္မေတာ္က ျမန္မာႏိုင္ငံ၌ အေျခစိုက္သည့္ စစ္သံမွဴးမ်ားကို ေခၚယူျပသမႈလည္း ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

အဆိုပါခရီးစဉ္အတြင္း၌ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက မူးယစ္ျဖစ္ စဥ္ႏွင့္ပတ္သက္၍ ဥပေဒအထက္တြင္ မည္သူမွ်မရွိေစရေၾကာင္း မီဒီယာမ်ားကို ေျပာဆိုခဲ့ပါတယ္။

#peoplemedia #ေကာင္းခါး

(Unicode)
ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကောင်းခါးအဖွဲ့ အတည်ပြု
………………………………………………………………..

ရန်ကုန်၊ မတ် – ၂၆

ရှမ်း(မြောက်)ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသ၌ ကျပ်ဘိလီယံ ရာနှင့်ချီ၍ မူးယစ်ဆေးဝါး၊ လက်နက်ကြီး၊ လက်နက်ငယ်များ ကျပ်ဘီလီယံ ရာချီဖမ်းမိသည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင် အချို့ကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကောင်းခါးပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မူးယစ်ကိစ္စနဲ့ ပတ်သက်တယ်လို့ ယူဆရတယ်။ ခေါင်းဆောင်ပိုင်းအချို့ကို ဖမ်းထားတာပါ”လို့ ကောင်းခါးပြည် သူ့စစ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်အပေါ် တပ်မတော်ခေါင်းဆောင်တစ်ဦးက ကောင်းခါးဒေသမူးယစ်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေးရန် ပျက်ကွက်မှုစသည့်တို့နှင့် ဆောင်ရွက်ရန်ရှိကြောင်းဆိုပါတယ်။

အလားတူ ကောင်းခါးဒေသ၌ ဖမ်းမိသည့် မူးယစ်ထုတ်လုပ်ပစ္စည်းများ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ပစ္စည်းများကို တပ်မတော်က မြန်မာနိုင်ငံ၌ အခြေစိုက်သည့် စစ်သံမှူးများကို ခေါ်ယူပြသမှုလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အဆိုပါခရီးစဉ်အတွင်း၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက မူးယစ်ဖြစ် စဉ်နှင့်ပတ်သက်၍ ဥပဒေအထက်တွင် မည်သူမျှမရှိစေရကြောင်း မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

#peoplemedia #ကောင်းခါး


Share this post