• Follow Us on

Home ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့များရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ကော လင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူ

ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့များရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ကော လင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူ

Share this post

ဝန်းသို၊ ဇန်နဝါရီ ၁ (People Media)

 

ဒီဇင်ဘာ ၃၁ ရက်နေ့၊ ည (၁၀း၃၀) အချိန်မှ စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့ နယ်၊ ပင်လယ်ဘူးမြို့များရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများသည် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ကောလင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဆရာတော်ကြီးအချို့က မိန့်ကြားသည်။

 

“ရဲစခန်းအနီးက ကျောင်းပေါ်ကို ကျတာ။ ကိုရင်တစ်ပါးက ပျံလွန်တော်မူသွားတယ်။ မေတ္တာရပ်ခံလိုတာက ဆရာတော်တို့က နိုင်ငံရေးလည်း မလုပ်ပါဘူး။ ဘယ်လက်နက်ကိုင်မှလည်း မပတ်သတ်ပါဘူး” လို့ ကော လင်းမြို့နယ် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

 

ကောလင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သလို လက်နက်ကြီးအချို့သည် လူနေအိမ်များ ထိမှန်၍ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လယ်ဘူးမြို့များရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများ သည် လက်နက်ကြီးများဖြင့် ည ၁၀း၃၀ အချိန်မှ စတင်ပြီး ၁၁ နာရီအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရ ကြောင်း ဒေသခံများကလည်း အတည်ပြုသည်။

 

“ဝန်းသို ထွေအုပ်ရုံးလည်း အပစ်ခံရတယ်။ အဆောက်အဦးတော့ မထိဘူး။ ရုံးဧရိယာထဲကို ကျတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

 

Photo – ကောလင်းမြို့၌ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အဦးများ

 

#PeopleMedia #စစ်ကိုင်းတိုင်း

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 



Share this post