• Follow Us on
Latest News

Home ကောလင်းမြို့ ပြည်ခိုင်ဖြိုးပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရ

ကောလင်းမြို့ ပြည်ခိုင်ဖြိုးပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

ကောလင်း၊ မတ် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင် နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းဝင်းသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီကျော်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းဝင်း သည် နေအိမ်၌ မိသားစုများနှင့် အတူရှိနေစဉ် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့် အဆိုပါ နေအိမ်အတွင်းသို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့က ညနေ  ၅ နာရီ ခွဲမှာ လာပစ်သွားတာ။ ဦးသောင်းဝင်းက ကောလင်းမှာ တိုင်းဒေသကြီးနဲ့ ဝင်ပြိုင်တာ” လို့ ဦးသောင်းဝင်း၏ မိတ်ဆွေတစ်ဦးမှပြောသည်။

 

အဆိုပါလုပ်ကြံခံရသည့် ဦးသောင်းဝင်းသည် အသက် (၅၀) ကျော်ခန့်ရှိသည်။

 

Photo – credit

 

#PeopleMedia #ကောလင်းမြို့

 

(unicode)


……………………………………………

 


 


 


 


 


 

Photo – credit

 



Share this post