• Follow Us on

Home ကော့ကရိတ်မြို့နယ်၌ ညီမဖြစ်သူမှ အစ်ကိုဖြစ်သူကို ဓားဖြင့်ခုတ်

ကော့ကရိတ်မြို့နယ်၌ ညီမဖြစ်သူမှ အစ်ကိုဖြစ်သူကို ဓားဖြင့်ခုတ်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂ (People Media)

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းတောင်အမှတ်(၁) ရပ်ကွက်၌ နေထိုင်သည့် မိသားစုတစ်စုသည် မိသားစုဝင်အချင်းချင်း စကားများရာမှ ညီမဖြစ်သူက အစ်ကိုဖြစ်သူကို ဓားဖြင့်ခုတ်သည့်ဖြစ်စဉ် ယနေ့ ဖြစ် ပေါ်ခဲ့သည်။

 

“ခုတ်တာဟုတ်တယ်။ မောင်နှမနှစ်ယောက် စကားများရာမှ ညီမဖြစ်သူက အစ်ကိုဖြစ်သူကို ဓားဖြင့်ခုတ်တာ” လို့ ဒေသခံတစ်ဦးမှ ပြောဆိုသည်။

 

ဓားခုတ်မှုကြောင့် အစ်ကိုဖြစ်သူမှာ ဦးခေါင်းထိပ်နှင့် ဦးခေါင်းဘယ်ဖက်အခြမ်းတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ယင်းဒဏ်ရာများရရှိသည့် အမျိုးသားကို ပုလဲဖြူလူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီကာ ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeoplMedia #ကော့ကရိတ်မြို့

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post