• Follow Us on

Home ကော့ကရိတ်မြို့၌ (၈) လသားအရွယ် ကလေးတစ်ဦး မီးပုံထဲပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရရှိ

ကော့ကရိတ်မြို့၌ (၈) လသားအရွယ် ကလေးတစ်ဦး မီးပုံထဲပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရရှိ

Share this post

မြဝတီ၊ ဒီဇင်ဘာ ၂၄ (People Media)

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းသွယ်ရွာ(သပြု)၌ ဒီဇင်ဘာ ၂၃ ရက်နေ့က (၈)လသားအရွယ် ကလေးတစ်ဦးသည် မီးပုံထဲပြုတ်ကျပြီး ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

“ကလေးက လေးဖက်ထောက်ရင်းနဲ့ မီးပုံထဲပြုတ်ကျတယ်လို့ပဲ သိရတယ်။ ကလေးက ဒဏ်ရာလည်း တော် တော်များတယ်” လို့ ပုလဲဖြူလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

(၈) လသားအရွယ် ကလေးငယ် မီးပုံထဲ ပြုတ်ကျခဲ့သည့်အတွက် ကလေး၏ ဦးခေါင်းနှင့် မျက်နှာတို့တွင် မီး လောင်ကျွမ်းသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ဒဏ်ရာရရှိသည့် ကလေးကို မော်လမြိုင်မြို့ရှိ အရေပြားဆေးရုံကြီးသို့ ပုလဲဖြူလူမှုကူညီရေးအဖွဲ့မှ ပို့ ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

အလားတူ ပြီးခဲ့သည့်နှစ်များအတွင်းကလည်း ဘော့ဒိုင်းရွာတွင် လမ်းလျှောက်တတ်စကလေးတစ်ဦးသည် မီးဖို ပေါ်တွင် တည်ထားသည့် ထမင်းအိုးကို ဆွဲချခဲ့သောကြောင့် အဆိုပါ ကလေးငယ်မှာ ထမင်းရည်ပူလောင်ပြီး သေဆုံးသွားသည့်ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #ကော့ကရိတ်တောင်ပိုင်း #ကလေးတစ်ဦး

 

(unicode)


…………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post