• Follow Us on

Home ကော့ကရိတ်-မြဝတီ အာရှအမြန်လမ်းမကြီးရှိ ကော့နွဲ့တံတား၌ ထောင်ထားသည့် ပြင်းအားမြင့် လက်လုပ်မိုင်း နှစ်လုံး ရှင်းလင်းနိုင်ခဲ့

ကော့ကရိတ်-မြဝတီ အာရှအမြန်လမ်းမကြီးရှိ ကော့နွဲ့တံတား၌ ထောင်ထားသည့် ပြင်းအားမြင့် လက်လုပ်မိုင်း နှစ်လုံး ရှင်းလင်းနိုင်ခဲ့

Share this post

ကရင်၊ ဒီဇင်ဘာ ၂၇ (People Media)

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှအမြန်လမ်းမကြီးရှိ ကော့နွဲ့တံတားအောက်၌ ထောင်ထားသည့် ပြင်းအားမြင့် လက်လုပ်မိုင်းနှစ်လုံးလို တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းလိုက်ကြောင်း သိ ရသည်။

 

ဖြစ်စဉ်မှ ဒီဇင်ဘာ ၂၄ ရက်နေ့က မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ ကျေးရွာအနီး၊ ကော့နွဲ့တားအောက်တွင် ၅ ဂါလံဆန့်သည့် ပုံးနှစ်ပုံးအား ယမ်းအပြည့်ဖြည့်ကာ စနက်တံတပ် ထားသည့် ဖောက်ခွဲရန် အသင့်ဖြစ်နေသည့် ဗုံးနှစ်လုံးကို ဒေသခံပြည်သူများမှ သတင်းပေးချက်အရ တာဝန်ရှိ သူများက သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်၌ လုံခြုံရေးအဖွဲ့များနှင့် KNU/KNLA၊ PDF လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို ဒေသခံများလည်း ထိုင်းနိုင်ငံ၌ သွား ရောက်ခိုလှုံရလျက်ရှိသည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက တရား ဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

 

#PeopleMedia #အာရှလမ်းမကြီး

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post