• Follow Us on

Home ကော့က်စ်ဘဇားဒုက္ခသည်စခန်းများမှ အခြားနေရာများသို့ ဘင်္ဂါလီများထွက်ပြေးနေ

ကော့က်စ်ဘဇားဒုက္ခသည်စခန်းများမှ အခြားနေရာများသို့ ဘင်္ဂါလီများထွက်ပြေးနေ

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ကြိုးစားမှုများရှိသော်လည်း ကော့က်စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ နိုင်ငံအတွင်းထွက်ပြေးမှုများရှိနေသေးပြီး အကြပ်အတည်း ပိုဆိုးရွားလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသတင်းရင်းမြစ်များက ဒါကာထရီဗြွန်းသတင်းစာကိုပြောသည်။
သို့သော် ပြီးခဲ့သည့် ၂ နှစ်နှင့်ယှဉ်ပါက အလားတူဖြစ်ရပ်များလျော့နည်းလာကြောင်းလည်းပြောသည်။
အာဏာပိုင်များ၏ခွင့်ပြုချက်မရဘဲ ဘင်္ဂါလီများကို စခန်းပြင်ပသို့ထွက်ခွာခွင့်မပြုပေ။
ဒေသခံအသိုက်အဝန်းများ၏အကူအညီနှင့် တာဝန်ကျတရားဥပဒေစိုးမိုးရေးအရာရှိများအကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုမှုမတင်းကြပ်သည့်နေရာများမှတဆင့် စခန်းပြင်ပသို့ ဘင်္ဂါလီများထွက်နေကြောင်း အရာရှိအချို့ကပြောသည်။
ကော့က်စ်ဘဇားမြို့နှင့်အလွန်တွင် စစ်ဆေးရေးဂိတ်များရှိသော်လည်း ဘင်္ဂါလီများကို ဒုက္ခသည်စခန်းများနှင့် ၁၇၅ ကီလိုမီတာအကွာတွင်ရှိသည့်စစ်တကောင်းမြို့တွင် တခါတရံတွေ့ရတတ်သည်။
ယာဉ်များကိုစစ်ဆေးရာတွင် ဘင်္ဂါလီများကိုတွေ့ရှိရကြောင်း စစ်တကောင်းမြို့အနီးရှိ မွိုင်ဇာတက်မြို့မှ ယာယီရဲ စစ်ဆေးရေးဂိတ်မှရဲသားတယောက်က ပြောသည်။
စခန်းများကို လုံခြုံရေးတင်းကြပ်ရန်တစိတ်တပိုင်အနေဖြင့် လက်ရှိတွင် ရိုဟင်ဂျာများရှိနေသည့်ဒုက္ခသည်စခန်း များ၌ ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းမပြီးဆုံးသေးဘဲ မကြာမီအပြီးသတ်နိုင်မည်ဟုမျှော်လင့်ရကြောင်း ဒုက္ခ သည်များကယ်ဆယ်ရေးနှင့်နေရပ်ပြန်ရေးလက်ထောက်မဟာမင်းကြီး မိုဟာမက် ရှမ်ဆွတ် ဒူဇာကပြောသည်။
Ref : Rohingyas still manage to leave camps for other places
#PeopleMedia
(unicode)
…………………………………………………
Ref : Rohingyas still manage to leave camps for other places
#PeopleMedia


Share this post