• Follow Us on

Home ကော့ဘဇားဒုက္ခသည်စခန်းအပြင်ဘက်တွင် ရိုဟင်ဂျာများ၏အထိမ်းအမှတ်ပွဲ ကျင်းပခွင့်မပြု

ကော့ဘဇားဒုက္ခသည်စခန်းအပြင်ဘက်တွင် ရိုဟင်ဂျာများ၏အထိမ်းအမှတ်ပွဲ ကျင်းပခွင့်မပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

လုံခြုံရေးအကြောင်းပြချက်အရလည်းကောင်း လက်ရှိဖြစ်ပွားနေသောကပ်ရောဂါဘေးကြောင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများအား ၎င်းတို့ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိခဲ့ သည့် လေးနှစ်မြောက်အခမ်းအနားကျင်းပရန် စခန်းပြင်ပတွင်လူစုခြင်းကို ခွင့်မပြုကြောင်း အစိုးရထိပ်တန်းအ ရာရှိများက ဒါကာထရီဗျူးကို သြဂုတ် ၂၄ ရက်နေ့ကပြောသည်။

 

ဒေသခံဗုဒ္ဓဘာသာဝင်များ၊ တိုင်းရင်းသားများ၏အကူအညီဖြင့်ပြုလုပ်ခဲ့သည့် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး ကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာထောင်ပေါင်းများစွာ ရခိုင်ပြည်နယ်ရှိ ၎င်းတို့အိုးအိမ် များကိုစွန့်ခွာ၍ ထွက်ပြေးခဲ့ကြရသည်။

 

“ဒုက္ခသည်စခန်းပြင်ပမှာကျင်းပမယ့် ဘယ်လိုပွဲလမ်းသဘင်မျိုးကိုမဆို ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရှင်းရှင်းလင်းလင်းပြောပြထားပြီးသားပါ။” ဟု ကော့ဘဇားအခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နိုင်ငံရင်းသို့ ပြန်ပို့ရေးတွဲဖက်မဟာမင်းကြီး မိုဟာမက်မော့ဇမ်ဟိုစိန်ကပြောသည်။

 

“သူတို့ဆန္ဒရှိရင်တော့ ဒုက္ခသည်စခန်းအတွင်းမှာ အထိမ်းအမှတ်ပွဲကို အကျဉ်းချုံးကျင်းပနိုင်ပါတယ်။” ဟု အ ကြီးတန်းအရာရှိတစ်ဦးကပြောသည်။

 

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၏ စစ်တကောင်းပြည်နယ်မှ ရဲဒုတိယဗိုလ်ချုပ်ကြီးအန်နဝါဟူစိန်ထံဆက်သွယ်မေးမြန်းရာ တွင် “ကျွန်တော်တို့ ဂရုစိုက်နေပါတယ်။ ကျွန်တော်တို့ရဲအရာရှိတွေကို ဒုက္ခသည်စခန်းတွေမှာ တပ်ဖြန့်ချထား တယ်။ စည်းကမ်းချိုးဖောက်မှုမရှိအောင် ကျွန်တော်တို့ စောင့်ကြပ်ကြည့်ရှုသွားမှာပါ။” ဟု ၎င်းကပြောသည်။

 

ဒုက္ခသည်စခန်းပြင်ပတွင် အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခွင့်မပြုရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ မေး မြန်းရာတွင် ကော့ဘဇားခရိုင်မှအကြီးတန်းအရာရှိအားလုံးက လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်နှင့် လုံခြုံ ရေးပြဿနာများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်းပြန်လည်ဖြေကြားသည်။

 

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဒုက္ခသည်စခန်းအတွင်းဖြစ်ပွားခဲ့သော ကြီးမားလှသည့် လူစုလူဝေး စုရုံးမှုကြီးကြောင့် နိုင်ငံအတွင်း အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ပြီး အစိုးရက 3G၊ 4G အင်တာနက်ဝန် ဆောင်မှုများ ပိတ်ပစ်ခြင်းအပါအဝင် အရေးယူမှုအချို့ကိုဆောင်ရွက်ခဲ့ရသည်။ မြန်နှုန်းမြင့်အင်တာနက်ဝန် ဆောင်မှုကို ပိတ်ပစ်ပြီး မကြာမီမှာပင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

၂၀၁၉ ခုနှစ် လူစုလူဝေး စုရုံးမှုဖြစ်စဉ်နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာအစည်းအရုံး အစီအစဉ် များနှင့်ပတ်သက်၍ တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။

 

Ref: 4 years of Rohingya exodus: No outdoor assembly allowed in Cox’s Bazar camps

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



 


 

Ref: 4 years of Rohingya exodus: No outdoor assembly allowed in Cox’s Bazar camps

 

#PeopleMedia


Share this post