• Follow Us on

Home ကော့မှူးမြို့နယ်၊ ကျိုက်ထော်မြောက်ကျေးရွာ၌ ရွာသားနှစ်ဦး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူခံထွက်နေစဉ် လမ်း၌ သေနတ်ဖြင့် လုပ်ကြံခြင်းခံရ

ကော့မှူးမြို့နယ်၊ ကျိုက်ထော်မြောက်ကျေးရွာ၌ ရွာသားနှစ်ဦး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူခံထွက်နေစဉ် လမ်း၌ သေနတ်ဖြင့် လုပ်ကြံခြင်းခံရ

Share this post

ကော့မှူး၊ ဒီဇင်ဘာ ၃၁ (People Media)

 

ယနေ့ နံနက် (၈း၃၀) အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်မြောက်ကျေးရွာ၌ ရွာသားနှစ်ဦးသည် ရပ်မိ/ရပ်ဖများနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူခံထွက်နေစဉ် လမ်း၌ သေနတ်ဖြင့် လုပ်ကြံခြင်းခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် (၈း၃၀) အချိန်က ကျိုက်ထော်မြောက်ကျေးရွာ၊ ရွာသားနှစ်ဦးဖြစ်သော ဦးဝင်းမြင့်နှင့် ဦးထွန်းနေလင်းတို့သည် ကျေးရွာ ရပ်မိ/ရပ်ဖများနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူခံထွက်နေစဉ် လမ်း၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။

 

“အလှူခံထွက်တဲ့အချိန် လမ်းမှာ ပစ်ခတ်ခံရတာ။ အနီးကပ် အပစ်ခံရတာ။ ကျေးရွာ လျှပ်စစ်မီးလင်းရေး အတွက် အလှူခံထွက်တာ။ စက်လှေဆိပ်အရောက်မှ သေနတ်သမားတွေက သေနတ်နဲ့ လုပ်ကြံပြီး စက်လှေနဲ့ ထွက်ပြေးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် ကော့မှူးမြို့နယ်ရှိ သေနတ်သမားအချို့သည် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိ/ရပ်ဖများ ဒလံဟု စွပ်စွဲခံရသူများကို မကြာခဏ လိုက်လံသတ်ဖြတ်လျက်ရှိသော်လည်း တာဝန်ရှိသူများက ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

#PeopleMedia #ကော့မှူးမြို့နယ်

 

(unicode)


…………………………………………………….

 


 


 


 


 


 



Share this post